မောင်တောမြောက်ပိုင်း တောင်ပြိုဗျူဟာအနီတွင် အေအေ နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်

မောင်တောမြောက်ပိုင်း တောင်ပြိုဗျူဟာအနီတွင် အေအေ နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ဖြစ်

ရခိုင်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုဗျူဟာအနီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၂၂ နံနက် ၁၁ နာရီ ၅၅ မိနစ်က တိုက်ပွဲစတင်ဖြစ်ပွားပြီး လက်ရှိနေ့လယ် ၁ နာရီအချိန်ထိ ပြင်းထန်နေဆဲဟု ဒေသခံများက ပြောသည်။

"ဒီနေ့ တောင်ပြိုနား ကွမ်းသီးပြင်မူဆလင်ရွာနားမှာ တိုက်ပွဲဖြစ်နေတာပါ။ ၁၁ နာရီ ၅၅ လောက်မှာ စဖြစ်ကြတာပါ။ အခုထိ ဖြစ်နေကြပါတယ်"ဟု ဒေသခံတစ်ဦးက နေ့လယ် ၁ နာရီကျော်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသားများ ဘေးလွတ်ရာကို ပြေးရှောင်နေကြရကြောင်း ကွမ်းသီးပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

"လက်နက်ကြီးရော၊ လက်နက်ငယ်ရော အခုဆို တစ်နာရီလောက်ရှိပြီ ဖြစ်တာ။ ဆက်တိုက်ပဲ ပစ်နေကြတာ။ ကျနော်တို့ကတော့ အခု လွတ်ရာမှာ ပြေးပုန်းနေရပါတယ်"ဟု ပြောသည်။

၎င်းတိုက်ပွဲသည် နေ့လယ် ၂ နာရီခန့် ကျော်တွင် ပြီးဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၁ ရက်ကလည်း  ရသေ့တောင်မြို့နယ် မညင်းတောင်ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ရခိုင်မှာ ဇူလိုင်လမှ စတင်ကာ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် စခန်းသိမ်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားအများအပြားကျဆုံးပြီး သုံ့ပန်းဖမ်းဆီးရမိမှု၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုတို့ကို  အေအေက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကလည်း သိမ်းပိုက်ခံထားရသည့် စခန်းများပြန်လည်ရရှိရေး စစ်ရဟက်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် အပြင်းအထန် တိုက်မှုများရှိပြီး ရိက္ခာ၊စစ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...