ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း သေဆုံးဟုဆို

ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း သေဆုံးဟုဆို

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်သည်။

Chinland Defense Force-Kanpetlet တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၁ ရက်နေ့ကစ၍ ၎င်း၏ ထိန်းချုပ်နယ်မြေ နယ်စပ်နေရာများသို့ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီမှ ၄ နာရီအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး အလောင်း ၃ လောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုဟ်ပေးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းမှုပြုလုပ်စဉ် MA ကျည် - ၂၀၁ တောင့်၊ 40mm - ၃လုံး၊ ကျည်ကာ- တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF- Kanpetlet က ထုတ်ပြန်ထားသည်။

အလားတူ မင်းတပ်မြို့တွင်လည်း စက်တင်ဘာလ ၂၁ ရက်နေ့က မင်းတပ်မြို့နယ်မြေခံတပ်ရင်း ခလရ ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ/မရှိကိုမူ မသိရသေးကြောင်း CDF-Mindat က ထုတ်ပြန်သည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...