ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း သေဆုံးဟုဆို

ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီဘက် ၅ ဦးထက်မနည်း သေဆုံးဟုဆို

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်သည်။

Chinland Defense Force-Kanpetlet တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၁ ရက်နေ့ကစ၍ ၎င်း၏ ထိန်းချုပ်နယ်မြေ နယ်စပ်နေရာများသို့ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီမှ ၄ နာရီအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး အလောင်း ၃ လောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုဟ်ပေးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့ကဆိုသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းမှုပြုလုပ်စဉ် MA ကျည် - ၂၀၁ တောင့်၊ 40mm - ၃လုံး၊ ကျည်ကာ- တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF- Kanpetlet က ထုတ်ပြန်ထားသည်။

အလားတူ မင်းတပ်မြို့တွင်လည်း စက်တင်ဘာလ ၂၁ ရက်နေ့က မင်းတပ်မြို့နယ်မြေခံတပ်ရင်း ခလရ ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ/မရှိကိုမူ မသိရသေးကြောင်း CDF-Mindat က ထုတ်ပြန်သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...