မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြားတော့မည်

မီဇိုရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ် စတင်သင်ကြားတော့မည်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် မြန်မာဘာသာရပ်သင်ကြားမှုကို ချင်းရေးရာအဖွဲ့ချုပ် (ICA) နင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်သင်ကြားနိုင်တော့မည်ဟု သိရသည်။

မီဇိုရမ်တက္ကိသိုလ်တွင် မြန်မာဘာသာရပ်သင်ကြားမှုကို လာမည့်အောက်တိုဘာလမှ စတင်မည်ဖြစ်ပြီး မြန်မာဘာသာ ရပ်ဒီပလိုမာနှင့် Communication Skill တို့ သင်ကြားပေးမည်ဟု ICA နှင့် MZU တို့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mizoram University မှ ပါမောက္ခတစ်ဦးဖြစ်သော Prof. Lalnilawma က “ကျနော်တို့အဓိကရည်ရွယ်ချက်ကေတာ့ တက္ကသိုလ်ကျောင်းသားတွေအပြင် အခြားသော ဌာနဆိုင်ရာသီးသီးက သင်ယူချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်၊ သင်ကြားချင်တဲ့သူတိုင်း စရင်းသွင်းပေးသွင်းနိုင်ပါတယ်။ မြန်မာဘာသာရပ် သင်ကြားပေးမယ့် သူကရှိပြီးဖြစ်ပါတယ် သူကသင်ကြားပေးပါလိမ့်မယ်၊ ဒီလို မြန်မာဘာသာစကား တတ်မြောက်ထားခြင်းအားဖြင့် နယ်စပ် ကုန်သွယ်ရေး အခန်းကဏ္ဍမှာဖြစ်ဖြစ်၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံလည်း ပြန်ကောင်း လာပြီဆိုရင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO မှာလုပ်တဲ့ အခါမှာဖြစ်ဖြစ် မြန်မာစာ တတ်မြောက်ထားရင် အလုပ်ကိုင်အခွင့်အလမ်းတွေရှိလာနိုင်တယ် ဒါကြောင့် နိုင်ငံတကာဆက်ဆံ ရေးမှာဖြစ်ဖြစ် တခြားစီမံကိန်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မြန်မာဘာသာရပ်ကို တတ်မြောက် ထားရင် ကောင်းမယ်ဆိုပြီး ခုလိုစီစဉ်ရတာဖြစ်တယ်" ဟု ခိုနူမ်းသုန်ကိုပြောသည်။

မြန်မာစာပေသင်ကြားပေမည့် ဆရာမမှာ မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိထားသူ Dr. Elis Thangi ဖြစ်ပြီး မြန်မာဘာသာနင့် မီဇိုးဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။

အဆိုပါတက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မြန်မာအက္ခရာ၊ ဝေါဟာရ၊ သဒ္ဒါဖွဲ့စည်းပုံနှင့် စကားပြော၊ စကားပြေအရေးအသားတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။

ယင်းသင်တန်းတွင် Semester နှစ်ခုရှိပြီး၊ သင်ကြားမည့်ကာလသည် ၁၀ လကြာမြင့်မည်ဖြစ်ကာ နာရီပေါင်း ၁၂၀ ကို စသင်ခန်းအတန်းတွင် သင်ကြား ပို့ချမည်ဖြစ်ပြီး ကျန် ၃၀ နာရီအား မိမိကိုယ်ကိုလက်တွေ့ လေ့လာသင်ယူရန် ဖြစ်ကြောင်း သိရသည်။

ထိုဘာသာရပ်၏ သင်ယူကြေးမှာ အိန္ဒိယရူပီးငွေ တစ်ထောင်ဖြစ်ပြီး သင်တန်းတစ်ခုလုံးအတွက် သင်ကြားရေးပစ္စည်းဖတ်စာအုပ်နင့် အသံဖိုင် စသည့်ကုန်ကျစရိတ်မှာ ရူပီး ၁၂၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...