ထိုင်းနိုင်ငံ၊ ရနှောင်းနယ်စပ်ဂိတ်တွင် ကလေးငယ်များအပါဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ရနှောင်းနယ်စပ်ဂိတ်တွင် ကလေးငယ်များအပါဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်ရှိ ရနှောင်းနယ်စပ်ဂိတ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်က ကလေးငယ်များအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦးဖမ်းဆီးခံရကြောင်း ထိုင်းအခြေစိုက် အမှတ် (၂၅) ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့ကဖော်ပြထား သည်။

၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန်အတွက် ရနောင်းခရိုင်၊ စွတ်စန်လန်မြို့နယ်၊ နာခါကျေးရွာအနီးတွင် အထောက်အထားမဲ့ တရားမဝင် နယ်စပ် ဖြတ်ကျော်ချိန် ထိုင်းအာဏာပိုင်းများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်းဆိုသည်။

ယင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၃ ဦးတို့ သည် ကော့သောင်းဘက်မှနေ၍ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ဘတ်ငွေ ၂၂,၀၀၀ ဖြင့် ကြားပွဲစားမှတစ်ဆင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထိုင်းသတင်း၌ ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံသား ၂၃ ဦးကို တရားမဝင် လမ်းကြောင်းဖြင့် ခေါ်ဆောင်လာသည့် ထိုင်းလူမျိုး ယာဉ်မောင်းအပါဝင် မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်းလည်း ဘန်ကောက်သတင်းတစ်ရပ်အရသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...