သန်လျင်မြို့နယ် ၆လမ်းသွားလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ယာဉ်ထိန်းရဲ ထိခိုက်ဒဏ်ရာရ

သန်လျင်မြို့နယ် ၆လမ်းသွားလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်း ဗုံးခွဲတိုက်ခိုက်ခံရ၊ ယာဉ်ထိန်းရဲ ထိခိုက်ဒဏ်ရာရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ခြောက်လမ်းသွားလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းကို အပြင်းစားဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်ဘက်မှ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြိ့နယ်နှင့် ခရမ်းမြို့နယ်များသို့ သွားလာသည့် ခြောက်လမ်းသွားလမ်းဆုံမှ ယာဉ်ထိန်းရဲကင်းကို ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီ ၅၀ အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သန်လျင် ကျောက်တန်း ခြောက်လမ်းသွား လမ်းစုံတစ်ဝ်ိုက်မှာ ဘဲဥ (ယာဉ်ထိန်းရဲ) တွေနဲ့ စခ (စကစတပ်သား)၊ ရခ (ရဲ) တွေ ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ခြိမ်းခြောက်ငွေကြေးတောင်းရမ်းနေကြတာပါ၊ တိုင်တန်းသူတွေလည်း အလွန်များတာကြောင့် ပကဖ အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်” ဟု သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူ တစ်ဦးက မဇ္စျ်ိမကို ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သန်လျင်မြို့နယ်နေ ပြည်သူများအနေဖြင့် စစ်အာဏာသိမ်းမှု ဖိနှိပ်ထားမှုများအောက်တွင် သွေးအေးမနေဘဲ ပြည်သူများကို ထိပါးလာပါက အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်းကို ပြသသည့် အနေဖြင့် ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

“ ဒီနေ့ နေ့လယ် ၁၁ နာရီ ၅၀ လောက်မှာ စခ၊ ရခ (စစ်ကောင်စီတပ်ဖွဲ့ဝင်) တွေနဲ့ ဘဲဥ (ယာဉ်ထိန်းရဲ) တွေက လမ်းသွားလမ်းလာတွေကို ငွေတောင်းရမ်းနေတဲ့ အချိန်မှာ ဘဲဥယာဉ်ထိန်းကင်းရုံးကို အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ကနဦး အနေနဲ့ ဘဲဥ တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့သိရှိထားရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခြောက်လမ်းသွားလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ယာဉ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ယာဉ်ထိန်းရဲကင်းရုံးလည်း ပျက်စီးခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် လူနာတင်ယာဉ်များနှင့် စစ်ကောင်စီတပ်မှ DC ကားများ ရောက်ရှိလာကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အားများစွာဖြင့် လုံခြုံရေးချထားပြီး စစ်ဆေးမှုများ တင်းကျပ်စွာလုပ်ဆောင်နေကာ ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားခြင်း အပါအဝင် ပြည်သူများကို ဖိနှိပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...