ဟားခါးမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု CDF-Hakha Council ပြော

ဟားခါးမြို့နယ်၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု CDF-Hakha Council ပြော

ချင်းပြည်နယ် ဟားခါးမြို့နယ်၏ နယ်မြေ စုစုပေါင်း ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီဟု ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha Council က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၄၁၉ ဦးသေဆုံးခဲ့ပြီး ၁၉၀ ကျော်လည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF-Hakha Council ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Hakha တပ်ဖွဲ့သည် ချင်းပြည်နယ်တွင် မြို့တွင်းစစ်ဆင်ရေး အများဆုံးဖော်ဆောင်သည့် တပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းစစ်ဆင်ရေး အကြိမ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့သည်ဟု သိရသည်။

CDF-Hakha Council အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်တင်ပြီး ပိုမိုတောင့်တင်းအင်အားကောင်းလာစေရေးအတွက် ဟားခါးမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများမှ ကိုယ်စားလှယ်အယောက် (၃၀၀) ဦးတက်ရောက်ပါဝင်သော ညီလာခံ ကိုလည်း ပြီးခဲ့သည့်စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။

ယင်းညီလာခံဆုံးဖြတ်ချက်အရ ချင်းလူမျိုးနင့် ချင်းပြည်သည် မတရား အာဏာရှင် အုပ်ချုပ်ရေးနှင့် လူမျိုးကြီးဝါဒ အုပ်ချုပ်ရေးမှ လွတ်မြောက်သည်အထိ တော်လှန်ရေးဆက်လက်ပြုလုပ်ရန်၊ ချင်းအမျိုးသားတပ်ဦး CNF/A နှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားမည်ဟု သိရသည်။

CDF-Hakha Council သည် Mie ဒေသ၊ Senthang ဒေသ၊ Zokhua ဒေသနင့် ဟားခါးမြို့ပေါ်ဒေသ စသည့်ဒေသ (၄) ခုဖြင့် စုဖွဲ့ထားသည်နှင့်အညီ တော်လှန်ရေးကာလအတွင်း CDF-Hakha Council သည်သာ အဆိုပါဒေသ ၄ ခု၏ တရားဝင်ကိုယ်စားပြုသည့် အဖွဲ့ဖြစ်ပြီး အခြား မည်သည့်လက်နက်ကိုင်အဖွဲ့ (သို့) အုပ်ချုပ်ရေးအဖွဲ့မျှ ဖွဲ့စည်းခြင်းမပြုရဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မတရား ဖမ်းဆီးခြင်းခံရသူ ၃၃၇ ဦးထိရှိခဲ့ပြီး ယင်းအနက် ၃၀၉ ဦးမှာပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ ၂၈ ဦးမှာ မတရားဖမ်းဆီး ချုပ်နှောင်ခြင်းခံကြရဆဲဟု CDF-Hakha Council က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး နေအိမ် ၂၇ လုံး မီးရှို့ဖျက်ဆီးခံရသည့်အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးလည်း ပျက်စီးခဲ့ရသည်ဟု သိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...