“AA အဖွဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆုတ်ခွာထွက်ပြေး” ဆိုတဲ့သတင်းအမှား

“AA အဖွဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆုတ်ခွာထွက်ပြေး” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှာကို GT Golden Triangle ဆိုတဲ့ Facebook Account ကနေပြီး “မိုင်တိုင် (၃၄/၃၅) အနီးရောက်ရှိနေတဲ့ AA အဖွဲ့များက စစ်ရေးအခြေအနေမဟန်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို  စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဆုတ်ခွာထွက်ပြေးနေကြောင်း နယ်စပ်သတင်းများအရ သိရတယ်။ ဉီးဆောင်ထွက်ပြေးသူများထဲမှ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ခေါင်းဆောင်ရဲ့ ပြောစကားများအရ ကျည်ဆံမရှိတော့တဲ့အတွက် ပြန်လည်ဆုတ်ခွာထွက်ပြေးလာတာဖြစ်တယ်လို့” လို့ရေးသားထားပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီများကြား တိုက်ပွားဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ချင်းပြည်နယ် ပလက်၀မြို့နယ် အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို စစ်ကောင်စီက တိုက် လေယာဉ်  ၃ စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ ၁၁ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

ပလက်ဝနှမဒါ​ကျေးရွာက အေအေတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူအပြင် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ အခုဆို ၇ ကြိမ် မြောက် ရှိပြီဖြစ်ပေမဲ့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တွေက ကြံ့ကြံ့ခံတိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ ပြီးခဲ့တဲ့လကစလို့ တကျော့ပြန်တိုက်ပွဲ တွေ ဖြစ်ပွားနေပြီး အေအေက မောင်တောမြို့နယ်မှာရှိတဲ့ တပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာလည်း ရှိလာနေပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရင်ကတည်းက နေရပ်စွန့်ခွာပြီး အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၈၀,၀၀၀ လောက်ရှိပြီး အခုလို တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် နောက်ထပ် လူဦးရေ ၆,၀၀၀ လောက် စစ်ဘေးရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြရပါတယ်။

ဒါကြောင့် “AA အဖွဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆုတ်ခွာထွက်ပြေး” ဆိုတာသတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်းဖော်ပြလိုက်ပါတယ်။

Most read this week

January 24, 2026
Harry Linn — ထိုင်းနိုင်ငံတွင် NUG နှင့် တော်လှန်ရေးထောက်ခံသူများက အမြဲပြဿနာရှာနေ၍ ထိုင်းရဲများက...
January 10, 2026
စစ်အုပ်စုထောက်ခံသူတဦးဖြစ်တဲ့ ကျော်စိုးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းမိပြီ ဆိုတဲ့...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...