နတ်တလင်းမြို့နယ်ရှိ ကျေးရွာပြည်သူများကို စစ်ကောင်စီတပ်က ၎င်းတို့နှင့် ပူးပေါင်းရန် ခြိမ်းခြောက်ခေါ်ယူမှုများရှိနေ

နတ်တလင်းမြို့နယ်ရှိ ကျေးရွာပြည်သူများကို စစ်ကောင်စီတပ်က ၎င်းတို့နှင့် ပူးပေါင်းရန် ခြိမ်းခြောက်ခေါ်ယူမှုများရှိနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာပြည်သူများကို စစ်ကောင်စီတပ်က ၎င်းတို့နှင့် ပူးပေါင်းရန် ခြိမ်းခြောက်ခေါ်ယူခြင်းများရှိနေကြောင်း နတ်သလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဒေသခံပြည်သူများကို စစ်ကောင်စီမှ လမ်းပြအဖြစ်အသုံးပြုသကဲ့သို့ လူသားဒိုင်းအဖြစ်လည်း အသုံးပြုနေမှုများရှိနေကြောင်း သိရသည်။

“ကြက်မနက်ရွာမှာ ဒီကောင်တွေကထိုင်ပြီး ရွာတွေက ပြည်သူတွေကို ခေါ်တဲ့အခါ လာရင်လာ မလာရင် ရွာကိုမီးရှို့မယ်၊ သူတို့ခေါ်လို့ လာပြီး လူသားဒိုင်းအနေနဲ့ လမ်းပြတဲ့အခါ လမ်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရင်လည်း မီးရှို့မယ် သတ်မယ်လို့ ခြိမ်းခြောက်ပြီးခေါ်နေတာ ပျူစောထီးဖွဲ့လည်းပါတယ်”ဟု နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပဲခူးရိုးမတောထဲရှိ တော်လှန်ရေးတပ်ဖွဲ့များကို တောနင်းရှာရန်အတွက် ဒေသခံပြည်သူများကို ကြားခံအသုံးပြုရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကကြံစည်နေကြကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

“သတ္တိရှိရင် ပြည်သူတွေ မပါဘဲ တက်ခဲ့ပေါ့ ၊ အခု ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေကြတယ်၊ မြို့ပေါ်က ပရဟိတအဖွဲ့တွေ ကူရမယ့်အချိန်၊ ခေါ်ထုတ်ရမယ့် တာဝန်ဖြစ်လာပြီ ပြည်သူတွေက တောထဲလာလို့မရဘူး၊ လုံခြုံရေးအရရော သူတို့နဲ့မဆိုင်တဲ့နေရာမို့၊ မြို့ ဒါမှမဟုတ် မြို့နဲ့နီးတဲ့ရွာတွေမှာ ခိုလှုံရမှာ၊ သူတို့ကို မြို့က ပရဟိတတွေက ကာကွယ်ပေးရမယ်၊ ကူညီပေးရမယ် စားဖို့၊ နေဖို့၊ ကလေးတွေ ပညာသင်ဖို့ ဒီလောက်ပါပဲ” ဟု နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် နတ်တလင်းမြို့နယ် တောင်ညိုဆည်လှေ စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်စခန်းကို နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးဆ်ိုသူ ခုနစ်ဦးသေဆုံးခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

Photo - စစ်ရှောင်ကလေးငယ်များ

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...