ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ် ဖမ်း

ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ် ဖမ်း

ပုသိမ် ရွှေသောင်ယံကမ်းခြေတွင် ရခိုင်ဘက်မှ ရွှေ့ပြောင်းလာသည့် ရိုဟင်ဂျာ ၃၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၃၁ ဦးကို ဧရာဝတီတိုင်း ပုသိမ်မြို့ နွယ်ညှိချောင်း ကျေးရွာအနီးတွင် အုပ်စုလိုက်တွေ့ရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က “အခုကတော့ ရွှေသောင်ယံ ရဲစခန်းမှာပဲခေါ်ထားပြီး စစ်ဆေး မေး မြန်းတာတွေ လုပ်နေတယ်” ဟု ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာများမှာ အမျိုးသား ၁၉ ဦး နှင့် အမျိုးသမီး ၁၂ ဦး တို့ ဖြစ်ကြသည်ဟု သိရသည်။

ထိုဖမ်းဆီးခံရသူ ရိုဟင်ဂျာ ၃၁ ဦးထဲတွင် အသက် ၁၀ နှစ်ခန့် အရွယ် ယောက်ကျားလေး ၁ ဦး အပါအဝင် ကျန် အယောက် ၃၀ မှာလည်း အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်ခန့်အရွယ် လူငယ်များဖြစ်ကြသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

“ရခိုင်ကနေပြီး စက်လှေနဲ့ ဝင်လာတာဖြစ်မယ်။ စက်လှေတော့ မတွေ့ရဘူး။ ဒီကနေပြီးမှ တောလမ်းအတိုင်း သွား ကြဖို့ပဲလား။ လာခေါ်မယ့် ပွဲစားကိုစောင့်နေတာလား သေချာတော့မပြောနိုင်သေးဘူး။ အလုပ်အကိုင် ကောင်းတာ ရှာဖွေဖို့ စွန့်စားကြတာပေါ့” ဟု ရွှေသောင်ယံ ဒေသခံတစ်ဦး က ပြောသည်။

ရိုဟင်ဂျာများသည် ဧရာဝတီတိုင်းအတွင်းသို့ ပုသိမ်-မုံရွာ ကားလမ်းမကြီးနှင့် ရေနံ့သာ-ဂွ ကားလမ်းများမှ ဝင်ရောက်ကြသကဲ့သို့ ပင်လယ်ပြင်မှ စက်လှေများနှင့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငရုတ်ကောင်း ကမ်းခြေတို့မှ ဝင်ရောက်ကြသည်ဟု ဒေသအုပ်ချုပ်ရေး အဖွဲ့များထံမှ သိရသည်။

“မြန်မာပြည်ဖွားတွေပါ။ ရိုဟင်ဂျာ မူဆလင်တွေပေါ့ဗျာ။ ရခိုင်ပြည်နယ်ဘက်မှာ အနေအစား ဆင်းရဲတယ်။ ဘဝ ရပ်တည်ရေးအတွက် နေရာသစ် ရွှေ့ပြောင်းပြီး အလုပ်အကိုင်ရှာဖွေကြတာ” ဟု မူဆလင်လူငယ်များ လူမှုကူညီ ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်းသို့ ယခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လတာ အတွင်း နည်းအမျိုးမျိုးဖြင့် ရောက် ရှိ လာကြသည့် ရိုဟင်ဂျာဦးရေ စုစုပေါင်း ၃၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခံခဲ့ရပြီး အယောက် ၁၀၀ ကျော်မှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရပြီး ဖြစ်သည်ဟု သိရသည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...