ကလေး-တမူး ကားလမ်းဘေးက လူနေအိမ် ၉ လုံး စစ်ကောင်စီတပ်က မီးရှို့

ကလေး-တမူး ကားလမ်းဘေးက လူနေအိမ် ၉ လုံး စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး-တမူးကားလမ်းနဘေးရှိ ကျေးရွာ ၃ ရွာက လူနေအိမ်ခြေ ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာလ ၁၉ ရက်နေ့က မီးရှို့ခဲ့ကြသည်ဟု သိရသည်။

ကလေး-တမူးကားလမ်းဘေးတွင်တည်ရှိသော ရန်လင်းဖိုင်ကျေးရွာမှ အိမ်ခြေ ၄ လုံး၊ နန့်မွမ်ထာကျေးရွာက အိမ် ၃ လုံးနှင့် ခေါမွန်နွမ်ကျေးရွာက အိမ် ၂ လုံး စုစုပေါင်း အိမ်ခြေ ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကနဦးသိရှိရသည်။

အဆိုပါကျေးရွာများကို မီးရှို့ပြီးနောက် တမူးမြို့ဘက်သို့ ဆက်လက်ထွက်ခွါသွားသော စစ်ကောင်စီတပ်ဖွဲ့ကို PDF-Tamu တပ်ဖွဲ့က လမ်းခုလတ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့သည် ယခင်ကလည်း ရန်လင်းဖိုင်ကျေးရွာက လူနေအိမ်များကို မီးရှို့ခဲ့ကြသကဲ့သို့ ရွာသားများကိုလည် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။

ယခုမီးရှို့ခံရသည့် ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့များ ရွာသို့မရောက်လာခင်တွင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...