ဆားဝယ်ယူသူများ၍ ဈေးတက်နေ

ဆားဝယ်ယူသူများ၍ ဈေးတက်နေ

ပြီးခဲ့သည့်နှစ် ကာလတူ အချိန်ထက် ဝယ်ယူသူ ပိုများသောကြောင့် ဆားဈေးနှုန်း မြင့်တက်လာကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

ယခုနှစ်တွင် ငါးပိလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သောကြောင့် ဆား ဝယ်ယူမှု များနေကြောင်း ဆားလုပ်ငန်းရှင် ဦးကျော်သူက ပြောသည်။

"အရောင်းအဝယ်ပေါ် မူတည်ပါတယ်။ အရောင်းအဝယ် ကောင်းတော့ ဈေးကောင်းပါတယ်။ ငပိထိမိများတော့ ဆားကုန်တာများတယ်လေ။ အရောင်းဝယ်ပေါ် မူတည်တယ်လေ"ဟု ၎င်းက ပြောသည်။

ယခင်ကာလတူ အချိန်တွင် ဆားကြမ်း တစ်ပိဿာ ဈေးနှုန်း ‌ကျပ် ၁၄၀ ထိသာ ပေါက်ဈေး ရရှိခဲ့သော်လည်း ယခုနှစ်တွင် ဆားတစ်ပိဿာ ၂၆၀ ကျပ် ဈေးရရှိကြောင်း၊ ထို့အတူ ဆားချော တစ်ပိဿာ ၂၄၀ ကျပ် ရောင်းဈေးရှိခဲ့သော်လည်း လက်ရှိတွင် ဆားချော တစ်ပိသာ ၃၅၀ ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

သံဖြူဇရပ်မှ ဆားတောင်သူ တစ်ဦးက "ဆားဈေးက ဒီနှစ်က ဈေးများတယ်။ ဒီနှစ်က ဈေးကောင်းတာပေါ့။ ဝယ်တဲ့လက်များနေတာပေါ့"ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့်လုပ်ငန်းအများစုရပ်ဆိုင်းနေခြင်း၊ ဆားအထွက်နှုန်းလျော့နည်းခြင်း၊ ငါး၊ ပုဇွန်ဖမ်းဆီးရရှိမှုနည်းပါးခြင်း၊ ငပိလုပ်ငန်းများ ရပ်နားခြင်း၊ ဆားဈေးကွက်မရှိခြင်းတို့ကြောင့် ဆားလုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

ပင်လယ်ရေငံမှထုတ်ယူသည့် နေလှန်းဆားလုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှ မေလအထိ လုပ်ကိုင်ကြပြီး  ထွက်ရှိလာသည့်ဆားများကို ရန်ကုန်၊ မန္တလေး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ငါးလုပ်ငန်းများလုပ်ကိုင်သည့် နေရာများသို့ အဓိကဖြန့်ဖြူးရောင်းချခဲ့ကြသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...