ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ် ရန်အတွက် ရန်ပုံငွေလိုအပ်

ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ် ရန်အတွက် ရန်ပုံငွေလိုအပ်

ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် နားရေးကူညီမူအသင်းက ဆောက်လုပ်နေသည့် အောက်ဆီဂျင်စက်ရုံအဆောက် အဦအပိုင်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေ လိုအပ်မှုရှိ နေကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက "ကျနော်တို့ အခုနာရေးရုံးမှာပဲ ဆောက်လို့မပြီးသေးဘူး။ မီးစက်နဲ့ အောက်ဆီဂျင်စက်တော့ ရောက်နေပြီ။ လိုအပ်တာအဆောက်ဦပေါ့။ အဲအဆောက်အဦ ဆောက်ဖို့အလှူရှင်တွေရှာနေတာ ဒီကုန်စျေးနှုန်းနဲ့ ဆိုတော့ နည်းနည်းကြာမယ်" ဟု ပြောသည်။

ဆေးရုံ၊ ဆေးခန်းများနှင့် ဝေးလံနေသော ကျေးရွာတချို့မှာ အောက်ဆီဂျင်နှင့် ပတ်သက်သည့် လိုအပ်ချက်များကို အလွယ်တကူ လုပ်ဆောင်ပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"ရေးချောင်းဖျားတို့ ဘက်မှာရှိတဲ့ ရွာတွေကို အောက်ဆီဂျင်လိုအပ်လာရင် မြို့အပေါ်ကိုသွားယူရန်အခက်ခဲကြောင့်ဒီမှာဆို ပိုပြီး အဆင်ပြေမယ်ဆိုတော့ သူတို့လည်းအလှူပေးတာရှိတော့ ကျနော်တို့လည်း ဖော်ဆောင်တာပေါ့" ဟု၎င်းက ထပ်ပြောသည်။

ကျောင်းရွာနားရေး ကူညီမူအသင်းက ဦးဆောင်၍ စက်ရုံဖြစ်မြောက်ရေးကော်မတီမှ တစ်ဆင့် ရပ်မိရပ်ဖများထံအလှူခံကာ ရန်ပုံငွေရှာခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂၈ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ အောက်  ဆီဂျင်စက်ရုံ ၃၀ ရာခိုင်နှုန်းဆောက်လုပ်ဆောင်ရွက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ကိုဗစ် - ၁၉ တတိယလှိုင်းတွင် တနိုင်ငံလုံး အတိုင်းအတာဖြစ် အောက်ဆီဂျင် ပြတ်လပ်မှုများ ရှိခဲ့သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...