ပြည်တွင်းတွင် COVID -19 ပိုးတွေ့လူနာများလာသော်လည်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီ ဥက္ကဋ္ဌပြောကြား

ပြည်တွင်းတွင် COVID -19 ပိုးတွေ့လူနာများလာသော်လည်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီ ဥက္ကဋ္ဌပြောကြား

လက်ရှိမြန်မာနိုင်ငံတွင် COVID -19 ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်ထားနိုင်ပြီဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်းမှ စတင်၍ ပြည်တွင်းတွင် COVID -19 ပိုးတွေ့လူနာများ ပိုမိုတွေ့ရှိလာသည့်အပြင် သေဆုံးသူများ ပါရှိလာကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

"COVID -19 ရောဂါဟာ ကျွန်တော်တို့နိုင်ငံမှာ ထိန်းချုပ်နိုင်တဲ့အနေအထား ရောက်သွား ပြီ" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ပြည်တွင်းတွင် COVID -19 ပိုးတွေ့လူနာများနှင့်သေဆုံးသူများ ရှိလာသော်လည်း ရောဂါဖြစ်ပွားမှုအား ထိန်းချုပ်ထားနိုင်ပြီဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံ RIA သတင်းဌာန၏ မေးမြန်းမှုကို စစ်ကောင်စီဥက္ကဋ္ဌက ဖြေကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့ စက်တင်ဘာလ ၁၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ တစ်ရက်အတွင်း COVID -19 ပိုးတွေ့လူနာ ၂၀၄ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၃.၁၅ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...