ပလက်ဝမြို့က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်

ပလက်ဝမြို့က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာသော ချင်းအမျိုးသမီးတစ်ဦး ကုလားတန်မြစ်ထဲခုန်ချ၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်သည့်ဖြစ်ရပ်တစ်ခု စက်တင်ဘာလ ပထမပတ်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ သေဆုံးသည်အမျိုးသမီးမှာ အသက် (၄၆) နှစ်အရွယ် ဒေါ်မလှဖြစ်ပြီး ပလက်ဝမြို့မှ ၃ မိုင်ကျော်ကျော်ခန့်ဝေး သော အာဘောင်သား ကျေးရွာတွင် နေထိုင်သူဟုသိရသည်။

ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက အာဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (အေအေ) နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာပြီး ဆိုင်ကလုံးစင်တာတွင် နေထိုင်သူတစ်ဦးဖြစ်သည်။

သူမသည် စက်တင်ဘာလ ၆ ရက်နေ့ညက ၎င်းတို့နေထိုင်သော ဆိုင်ကလုန်းစင်တာမှ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ရာမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့အနီး သင်္ဘောဆိပ်တွင် သူမ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုင်ကလုန်းစင်တာကို ရောက်ရှိနေသော အာဘောင်းသား ဒေသခံတစ်ဦးက ပြောသည်။

“လူတွေက အကုန်လုံး အိပ်ပျော်ကြတဲ့အချိန် သူက အပြင်ထွက်တော့ အဲ့အချိန်ကနေ ပျောက်သွားတာလေ။ သူ့မှာ အခက်အခဲတော့ရှိမှာ သူကသားတစ်ယောက်ရှိတယ် မကြာခင်ကမှ ဆုံးသွားတာ၊ ခင်ပွန်းကလည်း ကွာထားတယ် ဘယ်သွားမယ်မှန်းလည်း မသိဘူး။ မောင်နှမလည်းမရှိဘူး” ဟု ၎င်းကပြောသည်။

ဒေါ်မလှသည် ထိုကဲ့သို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် အခြေအနေတွင် စိတ်ဓာတ်ကျပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

သူမ၏ အလောင်းကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ ခရစ်ယာန်အသင်းတော်များ မိတ်သဟာယအဖွဲ့မှ မြေမြုပ်သဂြိုလ် ပေးခဲ့ကြသည်ဟု သိရသည်။

အဘောင်သားကျေးရွာသည် ပလက်ဝမြို့နှင့် ၃ မိုင်ကျော်ကျော်ခန့်သာကွာဝေးပြီး အိမ်ခြေ ၁၂၀ ကျော် လူဦးရေ ၅၀၀ ကျော်ခန့်ရှိပြီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုများကြောင့် ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ကစပြီး ရွာလုံးကျွတ် ပလက်ဝမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်သည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...