ဇင်းကျိုက်တွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရ

ဇင်းကျိုက်တွင် လူ ၂၀ ကျော် ခွေးရူးကိုက်ခံရ
ခွေးရူး ကာကွယ်ဆေးထိုးနှံနေသည့် မြင်ကွင်း (Paung Daily)
ခွေးရူး ကာကွယ်ဆေးထိုးနှံနေသည့် မြင်ကွင်း (Paung Daily)

ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ပန်းကုန်းကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နံနက် ၆ နာရီခွဲခန့်က ဆွမ်းခံကြွနေသည့်ကိုရင်အပါအဝင် လမ်းသွားလမ်းလာပြည်သူ ၂၀ ကျော်ကို လမ်းဘေးခွေးလေခွေးလွင့်တစ်ကောင်မှ လိုက်လံကိုက်ခဲ့ကြောင်း မြို့ခံတချို့ထံမှ သိရသည်။

ပန်းကုန်းကျေးရွာ ရန်ကုန် - မော်လမြိုင်အဝေးပြေးကားလမ်းဘေးတစ်လျှောက်တွင် ပြေးလွှားနေသည့် လမ်းဘေးခွေးတစ်ကောင်မှ မြင်သမျှလူတိုင်းကို လိုက်လံကိုက်ခဲ့ခြင်း ဖြစ်သည်။

“မနက်အစောပိုင်းမှာ အဲခွေးက တွေ့ကရာလူတိုင်းကို လိုက်ကိုက်တာ၊ လူတစ်ယောက်နှစ်ယောက် ကို အရင်ကိုက်တယ်၊ ကိုရင်တစ်ပါးဆွမ်းခံကြွနေရင်း ဝင်ကိုက်တယ်၊ ကားလမ်းမကြီးဘေးတစ်လျှောက် တွေ့ကရာလူတိုင်းကို ဝင်ကိုက်တာပဲ၊ အယောက် ၂၀ ကျော်ကိုက်ခံရတယ်။ အဲဒီခွေးက ခွေးရူးဟုတ်မဟုတ်တော့မသိဘူး၊ ခွေးရူးဖြစ်လို့ ဒီလိုလိုက်ကိုက်တာလို့ ထင်တယ်။ ခွေးကိုတော့ ရွာသားတွေ ရိုက်သတ်လိုက်ပြီ” ဟု ဇင်းကျိုက်မြို့ခံတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

ကျန်းမာရေးဌာန၏ စစ်ဆေးချက်အရ ယင်းခွေးမှာ ခွေးရူးပြန်ရောဂါစတင်ဖြစ်ပွားသည့် လက္ခဏာများ ကို စတင်ဖြစ်ပွားနေပြီဖြစ်သည့်အတွက်  ခွေးကိုက်ခံထားရသည့် ကိုရင်အပါအဝင်ဒေသခံ ၂၁ ဦးကို ပေါင်မြို့ပြည်သူ့ဆေးရုံမှာ ခွေးရူး ကာကွယ်ဆေးထိုးနှံပေးထားပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း ပေါင်မြို့ပေါ် ကဒါရပ်ကွက်တွင် ခွေးရူးတစ်ကောင်မှ ဒေသခံပြည်သူ ၁၅ ဦးကိုလိုက်လံကိုက်ခဲ့သည့်ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း မြို့ခံများထံ မေးမြန်းချက်အရ သိရသည်။

ခွေးရူးကိုက်ခံရသူများအနေဖြင့် အစပိုင်း တစ်ရက်နှစ်ရက်အတွင်း စိတ်ညိုးငယ်ခြင်း၊ တည်ငြိမ်မှု မရှိခြင်း၊ အလွန်ကြောက်ရွံ့ခြင်း စသော လက္ခဏာများတွေ့လာရသလို လူနာစကားပြောပုံလည်း စတင် ပြောင်းလဲလာတတ်ကြောင်း သိရသည်။

ထို့နောက် လူနာမှာ အဖျားဝင်ခြင်း၊ စားသောက်ချင်စိတ်မရှိခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ သက်ပြင်းချ၍ အသက်ရှူခြင်း စသော လက္ခဏာများကိုလည်း ထပ်မံ ဖြစ်ပေါ် လာပြီး လူနာသည် ၂ ရက် သို့မဟုတ် ၃ ရက်မျှ ဝေဒနာကို ထပ်မံခံစားရပြီးနောက် အသက်သေဆုံးသွား သည်အထိ ဖြစ်ပွားနိုင်ကြောင်းမွေးကုဆရာဝန်များ၏ ပြောဆိုချက်အရ သိရသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...