မော်လမြိုင်မြို့နယ်အတွင်း wave money ထုတ်ပေးသည့် ဆိုင်တစ်ချို့ ရပ်နား

မော်လမြိုင်မြို့နယ်အတွင်း wave money ထုတ်ပေးသည့် ဆိုင်တစ်ချို့ ရပ်နား

နစကကောင်စီဘက်မှ ငွေသားထုတ်ပေးနေသော ဆိုင်များကို ကန့်သတ်ချက်များ သတ်မှတ်လိုက်သောကြောင့်မော်လမြိုင်မြိုနယ်အတွင်းရှိ wave money ဆိုင်တစ်ချို့ ရပ်နားထားကြောင်း သိရသည်။

Wave money ဆိုင်များအနေဖြင့် CCTV တပ်ဆင်ထားရန်၊ ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်ကို စစ်ဆေးရန် နှင့်ဆိုင်အတွင်း CCTV မရှိပါက ငွေထူတ်ယူမည့်သူကို ဓာတ်ပုံရိုက်ယူထားရန် စက်တင်ဘာလ ၃ ရက်က ညွှန်ကြားထားကြောင်း ‌ငွေသားထုတ်ပေးနေသူ တစ်ဦးက ပြောသည်။

"သူ့သတ်မှတ်ချက်ကြီးက အဆင်မပြေဘူးလေ။ ဓာတ်ပုံရိုက်ထားရမယ်ဆိုတာကြီးကို ဘယ်သူက လက်ခံမှာတုန်း။အဲလိုပြောလိုက်ရင် လူတွေကလည်း မထုတ်တော့ဘူး။ ပုံတော့ အရိုက်မခံဘူးလေ။ အဲတော့ မထုတ်ပေးတော့ဘူး။ငွေသားမရှိဘူးပဲ ပြောလိုက်တယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် ငွေသားထုတ်ပေးနေသည့် ဆိုင်များကို စစ်ဆေးမှုများ၊ မှတ်တမ်းတောင်းယူခြင်းများ စသည့်ဖြင့် စစ်ဆေးမှုများလည်း မကြာခဏလုပ်ဆောင်လာကြောင်း ဆက်ပြောသည်။

ဆိုင်ခန်းငယ် ဖွင့်ထားသူများအတွက် CCTV တပ်ဆင်ရန် မလွယ်ကူကြောင်း မြိုင်သာယာရပ်ကွက်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

"အမတို့ဆိုင်ကျတော့ အိမ်ဆိုင်လေး သေးသေးလေးပဲဆိုတော့ CCTV တပ်ဖို့က အဆင်မပြေဘူး။ ငွေလာထုတ်သူကိုလည်း ဓာတ်ပုံရိုက်မယ်နော်ဆိုလည်း အဆင်မပြေဘူးလေ။ အဲတော့ ရပ်ထားလိုက်တယ်"ဟု ပြောသည်။

ငွေထုတ်ပေးမူနှင့် ပတ်သက်ပြီး စည်းကမ်းဖြေလျော့သည့်အချိန်မှသာ ပြန်လည်လုပ်ကိုင်ရန် စီစဉ်ထားကြောင်းဆက်ပြောသည်။

Wave money ဖြင့် ငွေသားထုတ်ယူခဲ့သူတစ်ဦးက "စက်ရုံက ငွေလွဲမှာ အဲဒါ ထုတ်ချင်တာ။ မှတ်ပုံတင်မပါလို့ မထုတ်ပေးဘူး။ ဘယ်ကလွဲတာလဲ။ ဘာလုပ်တာလဲ။ ဘယ်မှာနေတာလဲ။ အဲလိုတွေလည်းမေးတယ်"ဟု ပြောသည်။

လက်ရှိ နစကကောင်စီ၏ စည်းကမ်းတင်းကြပ်မှုကြောင့် ငွေလွှဲထုတ်ပေးသည့် ဆိုင်များသာမက ငွေလွှဲထုတ်သူများအတွက်လည်း အခက်အခဲဖြစ်ရကြောင်း သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...