မင်းတပ်မြို့နယ် လှော်ဝရွာတွင်ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဗုဒ္ဓဘာသာ ဘုန်တော်ကြီးများနှင့် ဒေသခံရွာသားများအား စုစည်းထိန်းသိမ်း

မင်းတပ်မြို့နယ် လှော်ဝရွာတွင်ဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဗုဒ္ဓဘာသာ ဘုန်တော်ကြီးများနှင့် ဒေသခံရွာသားများအား စုစည်းထိန်းသိမ်း
ပုံစာ - မင်းတပ်မြို့ပေါ်မှကျေးရွာများဘက်ကိုလက်နက်ကြီးဖြင့် လှမ်းပစ်နေသည့် မင်းတပ်မြို့ပေါ်၂၇၄ တပ်ရင်းဝန်းကိုအပေါ်စီးမှမြင်ရပုံ
ပုံစာ - မင်းတပ်မြို့ပေါ်မှကျေးရွာများဘက်ကိုလက်နက်ကြီးဖြင့် လှမ်းပစ်နေသည့် မင်းတပ်မြို့ပေါ်၂၇၄ တပ်ရင်းဝန်းကိုအပေါ်စီးမှမြင်ရပုံ

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်အတွင်းရှိ လှော်ဝရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် ဒေသခံရွာသားများကို စုစည်းထိမ်းသိမ်းခဲ့ပြီး ၎င်းတို့၏ လက်ကိုင်ဖုန်းများကို သိမ်းယူခဲ့ကြောင်းသိရသည်။

“ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကတော့ သတင်းတွေပေါက်ကြားလို့တဲ့။ သူတို့က ရွာထဲကိုဝင်တာနဲ့ ဘုန်းကြီးကျောင်း ဒါမှမဟုတ်ရင် ဘုရားကျောင်းမှာ အရင်ဆုံးရွာထဲက လူတွေကိုစုခိုင်းတယ်။ ပြီးတာနဲ့ဖုန်းတွေကို သိမ်းလိုက်တယ်။ သူတို့ရောက်နေတာ အကြောင်းကြားမှာစိုးလို့သိမ်းတာ။ အခုဖြစ်တဲ့ရွာကလည်း ကျောက်ထုနဲ့ မင်းတပ်ကြား မှာရှိတဲ့ရွာပေါ့။ မတူပီမှာလည်းဒီအတိုင်းပဲရွာထဲဝင်တာနဲ့ ဖုန်းတွေ လူ‌တွေကို အရင်စုခိုင်းတယ်။ အဲ့ဒီလိုဖြစ်နေတယ်” ဟု မင်းတပ်မြို့ပေါ်တွင် နေထိုင်သူ ဒေသခံတစ်ဦးကပြော သည်။

စစ်ကောင်စီတပ်သည့် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ကစတင်၍ မင်းတပ်မြို့နယ်၊ လှော်ဝကျေးရွာတွင် တပ်စွဲထားပြီး မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''အခုတလောမင်းတပ်မှာထိတွေ့မှုတွေပြန်ဖြစ်လာတယ်။ ရွာတွေဘက်ကို ကျောက်ထု အမြောက်တပ်ကလှမ်းထုလိုက်၊ မြို့ပေါ် (၂၇၄) တပ်ရင်းကနေ လှမ်းထုလိုက်နဲ့ ညညဆို ရမ်းပစ်နေကြတယ်။ မနေ့ညကလည်း မင်းတပ် (၂၇၄) တပ်ရင်းကနေရမ်းပစ်လိုက်တာ ခွီရိန်းရွာထဲကိုကျပြီး အိမ်တချို့ပျက်စီးကြတယ်လို့ပြောတယ်။ လက်နက်ကြီးကျတာကြောင့်ရွာသားတွေက ညဘက်ကြီး မိုးရေထဲမှာ ထွက်ပြေးကြရတယ်'' ဟု မင်းတပ် မြို့ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့ပေါ်တွင်လည်း စစ်ဆေးမူများပြုလုပ်နေပြီး မင်းတပ်မှ ထွက်သည့်ခရီးသည် လိုင်းကားများတွင် လိုက်ပါသူများ၏ဖုန်းများကို အသေးစိတ် စစ်ဆေးမှုများရှိသလို ဖမ်းဆီးမှုများလည်းရှိကြောင်း သိရသည်။

''လူတစ်ယောက်ကို စစ်ရင် တစ်နာရီလောက်ကြာတယ်ဗျာ။ လူငယ်တွေဆို ပိုဆိုးတယ်။ သူတို့ဆီမှာ ပါဝါဘဏ်လိုမျိုး စက်လေးတစ်လုံးရှိတယ်။ အဲ့ဒါကိုဖုန်းနဲ့တွဲပြီးစစ်တာ။ ဖျက်ထားတာတွေ အားလုံးပြန်ပေါ်တယ်။ ညနေရန်ကုန်ဆင်းဖို့ကား လက်မှတ် ဝယ်ထား တာတွေလည်း မမီတော့ အားလုံးဆုံးတာပေါ့'' ဟု ဒေသခံခရီးသွားတစ်ဦးက မဇ္ဈိမကို ပြောသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...