မောင်တောမြို့နယ်တွင် တပ်ရင်းစခန်းကုန်းတစ်ခုကို AA က ထပ်မံသိမ်းပိုက်၊ စစ်ကောင်စီဘက်က အကျအဆုံးများပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်းထုတ်ပြန်

မောင်တောမြို့နယ်တွင် တပ်ရင်းစခန်းကုန်းတစ်ခုကို AA က ထပ်မံသိမ်းပိုက်၊ စစ်ကောင်စီဘက်က အကျအဆုံးများပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်းထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA) က မောင်တောမြို့နယ် မြောက်ပိုင်းတွင်အခြေစိုက်သည့်  စစ်ကောင်စီစခန်းကုန်းတစ်ခုကို စက်တင်ဘာ နံနက် ၇နာရီကျော်က အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) ၏ သတင်းထုတ်ပြန်ချက်အရ ၎င်းစခန်းမှာ မောင်တော မြို့နယ်မြောက်ပိုင်း  လောင်းဒုံ (မြို) ရွာ (ခ) ဂြိတ်ချောင်းကျေးရွာ၏ အရှေ့တောင်ဘက် (၃) ကီလိုမီတာခန့်အကွာ ဂုတ်ပီကျော်လမ်း (ပဲရွမ်းတောင်) ရှိ စစ်ကောင်စီတပ်၏ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်း ဖြစ်ကြောင်းဖော်ပြသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ နံနက် (၆) နာရီ (၁၇) မိနစ်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် (၇) နာရီ (၂၂) မိနစ်အချိန်၌ အဆိုပါ စခန်းကုန်းအားအောင်မြင်စွာသိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သလို  စစ်ကောင်စီ တပ်သားအချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်မှ ၎င်းစခန်းကုန်းနေရာအနီးတဝိုက်သို့ ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များဖြင့် တစ်နေကုန်လာရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့တွင် ရက္ခိုင်-ဘင်္ဂလားနယ်စပ်၊ မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်၏ တပ်စခန်း တစ်ခု ကို ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက် ရယူနိုင်ခဲ့ပြီးနောက် ၎င်းစခန်းအားပြန်လည်ရယူရန်ကြိုးစားလျက် ရှိကြောင်းထုတ်ပြန်ခဲ့ပြီး စစ်အင်အားများတိုးချဲ့ကာ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ကူများဖြင့် ၎င်းစခန်းအနီးတဝိုက် အပြင် တခြားရက္ခိုင်နှင့်ပလက်ဝရှိ နေရာများကိုပါ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့သည်မှာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု သိရသည်။

ထိုသို့ စစ်ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင် တိုက်နေခိုက်နေစဉ်အတွင်းမှာပင် မောင်တောမြို့နယ်မြောက်ပိုင်း အတွင်းပိုင်း စစ်စခန်းတစ်ခု အေအေလက်ထဲ ထပ်မံကျသွားခဲ့ခြင်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...