တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က ဒေသခံ ၅၀ဝ ကျော် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က ဒေသခံ ၅၀ဝ ကျော် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယခု စက်တင်ဘာ လဆန်းပိုင်းကဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၅၀ဝ ကျော်ဟာ တစ်ဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်ထဲကို ထပ်မံထွက်ပြေးခိုလုံကြရတယ်လို့ သိရပါတယ်။

အိန္ဒိယနယ်စပ်အနီးမှာတည်ရှိတဲ့ ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာက စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁ ရက်နေ့က ရက္ခိုင့်တပ်တော်က သွားရောက်တိုက်ခိုက်ခဲ့ရာကနေတိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့က တိုက်လေ ယာဉ်နဲ့တိုက်ခိုက်မှုတွေရှိလာတာကြောင့် မြိတ်ဝဒေသခံပြည်သူတွေဟာ မီဇိုရမ်ပြည်နယ် လောင်တလိုင်းမြို့နယ်ထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“သူတို့ရွာမှာတိုက်ပွဲတွေဖြစ်တယ် အဲဒါကြောင့်ထွက်ပြေးလာကြတာ စစ်လေယာဉ်နဲ့ဗုံးတွေ ၂ ခေါက်လာကျဲတယ် အခု တော့ သူတို့နီးစပ်တဲ့ ဆွေမျိုးအိမ်မှာပဲတည်းခိုနေကြတယ်" လို့သူကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လောင်တလိုင်မြို့နယ်ထဲက Zochachhuah ကျေးရွာမှာ ၁၁၅ ဦး၊ Hmawngbuchhuah ရွာမှာ ၂၁၀ ဦး၊ Laitlang ရွာမှာ ၁၂၇ ဦး နဲ့ Dumzautlang ရွာမှာ ၁၃၇ ဦး စုစုပေါင်း ၅၈၉ ဦးရှိတယ်လို့ လောင်တလိုင်ခရို င် စစ်ဘေးရှောင်ကော်မတီ အဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

လောင်တလိုင်းခရိုင်အတွင်း စစ်ဘေးရှောင်ထပ်မံဝင်လောက်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး Lawngtlai District Level Committee on Myanmar Refugees ကလည်း အစည်းအဝေးတရပ်ခေါ်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေ ကူညီထောက်ပံ့ရေးအတွက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယခု အသစ်ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ဖို့ ယာယီစစ်ရှောင်စခန်းအတွက် မိုးကာတွေပေးအပ်ဖို့၊ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် Doctors without Borders အဖွဲ့နဲ့ လိုအပ်ရင်လက်တွဲလုပ်ဆောင်ဖို့နဲ့ စစ်ဘေးရှောင်တွေအတွက်  စောင် (Blanke)၊ အိမ်သာခွက် (Commode)၊ တကိုယ်ရေသန့်ရှင်းရေးရောဂါကာကွယ်ဖို့ Hygiene kit နဲ့ တခြားလိုအပ်မယ့် အရာတွေပေးအပ်ဖို့ အဲဒီဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ လောင်တလိုင်းမြို့က ဗဟိုလိုင်းလူငယ်များအသင်း (Central Young Lai Association) အဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေစားသောက်ဖို့ ဆန်အိတ် ၅၅ အိတ် ခွဲဝေထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ယခုလက်ရှိ လောင်တလိုင်ခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၅၉၀၉ ဦးရှိပြီး အဲဒီထဲက ၅၈၉ ဦးမှာ ဒီရက်ပိုင်းအတွင်း အေအေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲကြောင့် ရောက်ရှိလာသူတွေဖြစ်ကြပြီး ကျန် ၅၃၂၀ ဦးကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် ရောက်ရှိခဲ့သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...