တက္ကသိုလ်ဝင်တန်း သုံးနှစ်တိတိ အောင်မြင်သူမရှိသည့် သင်းပန်းချိန် အထက(ခွဲ) ဆရာ/ ဆရာမ မလုံလောက်မှုနှင့် ဆက်ကြံုနေရ

တက္ကသိုလ်ဝင်တန်း သုံးနှစ်တိတိ အောင်မြင်သူမရှိသည့် သင်းပန်းချိန် အထက(ခွဲ) ဆရာ/ ဆရာမ မလုံလောက်မှုနှင့် ဆက်ကြံုနေရ
by -
နိရဥ္စရာ
ဆယ်တန်း သုံးနှစ်တိတိ ကျောင်းသားတစ်ဦးမှ အောင်မြင်မှုမရှိသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သင်းပန်းချိန် ကျေးရွာ အထက(ခွဲ)တွင် ဆရာ၊ဆရာမ လုံလောက်မှု မရှိသဖြင့် ယခုနှစ်တွင်လည်း ကျောင်းသားများ စာမေးပွဲမအောင်ဘဲ ဖြစ်မည်ကို ကျောင်းသားမိဘများမှ စိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။

narinjar schools“ ကျွန််တော်တို့ အထက(ခွဲ)မှာ ဆရာမ လေးဦးရှိပါတယ်။ နောက်လမှာ ဆရာမ နှစ်ဦး မွေးဖွားခွင့် တင်ထားတယ်လို့ သိရပါတယ်။ ကျန်ဆရာမ နှစ်ဦးနဲ့ ဘယ်လိုမှ ဒီကျောင်းသားတွေကို နိုင်နှင်းအောင်ပြနိုင်မှာ မဟုတ်ဘူး။ ဟိုနှစ်တွေကလို တစ်ဦးမှ မအောင်ဘဲ ဖြစ်မှာကို ကျောင်းသား မိဘတွေက အရမ်းစိုးရိမ်ပြီး စိတ်မကောင်း ဖြစ်နေကြပါတယ်” ဟု သင်းပန်းချိန်ရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကျော်မြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လွန်ခဲ့သော ပညာသင်နှစ် (၂၀၁၆-၂၀၁၇) ကလည်း စာသင်ပြနေသည့် ဆရာ နှစ်ဦး နှစ်ဝက်လောက်တွင် ပြောင်းရွှေ့သွားပြီး နောက်ထပ် အစားထိုးခန့်အပ်ခြင်း မရှိရာမှ ကျောင်းသားများ သင်ခန်းစာများကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသဖြင့် စာမေးပွဲ အောင်မြင်သူ မရှိဘဲ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ အခုလို စာမေးပွဲ သုံးနှစ်ဆက်တိုက် အောင်မြင်သူ မရှိတော့ မိဘ တတ်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေက နီးစပ်ရာကျောင်းကောင်းတွေကို ပြောင်းသွားကြပြီး မတတ်နိုင်တဲ့ ကျောင်းသားတွေသာ ဒီကျောင်းမှာ ကျန်နေခဲ့ပါတယ်။ အခုဆိုရင် ကိုးတန်းနဲ့ ဆယ်တန်းမှာ ကျောင်းသား ၂၀ ကျော်လောက်ဘဲ ကျန်ပါတော့တယ်။ ဒီအတိုင်းဆိုရင် ဆင်းရဲ နွမ်းပါးတဲ့ ကျောင်းသား/ကျောင်းသူတွေ ဆယ်တန်းအောင်မြင်ဖို့ မလွယ်တဲ့ အနေအထားမှာ ရောက်နေပါတယ်” ဟု ဦးကျော်မြင့်က ပြောဆိုသည်။

ရမ်းဗြဲမြို့နယ် သင်းပန်းချိန်ရွာ အထက်တန်းကျောင်း(ခွဲ)တွင် ဆရာ/မ လုံလောက်မှုမရှိသဖြင့် အခက်အခဲ ကြံုနေရ၍ သက်ဆိုင်ရာအား အဆင့်ဆင့်တင်ပြခဲ့သော်လဲ အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာမရှိဟု သူက ပြောကြားသည်။

“ ရမ်းဗြဲမြို့နယ် လွှတ်တော်အမတ်၊ ရမ်းဗြဲမြို့နယ်ပညာရေးမှူး၊ ရခိုင်ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတို့ကို အလေးထားတင်ပြပေမယ့် ထူးခြားမလာတဲ့ အတွက်ကြောင့် ပညာရေးဝန်ကြီး ဦးမျိုးသိန်းကြီး၊ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အား ဖြေရှင်းပေးစေလိုတယ်လို့ တင်ပြချင်ပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် ပညာရေးမှူးအား ဆက်သွယ်မေးမြန်းလိုသော်လည်း ဖုန်းနံပတ် အခက်အခဲကြောင်း မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...