ကျောက်တော်မြို့နယ် ခမရ (၃၇၇)အနီးမှ လက်နက်ကြီးပေါက်ကွဲသံကဲ့သို့ အသံများကြားနေရဟုဆို

ကျောက်တော်မြို့နယ် ခမရ (၃၇၇)အနီးမှ လက်နက်ကြီးပေါက်ကွဲသံကဲ့သို့ အသံများကြားနေရဟုဆို
by -
နိရဥ္စရာ
ကန်စောက်တောင်ပေါ်တစ်နေရာကို တွေ့ရစဉ်/ ဓာတ်ပုံ-မာန်ယုကျော်
ကန်စောက်တောင်ပေါ်တစ်နေရာကို တွေ့ရစဉ်/ ဓာတ်ပုံ-မာန်ယုကျော်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင် တောင်ခြေရင်းရှိ ခမရ (၃၇၇)အနီးမှ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပေါက်ကွဲသံကဲ့သို့ ပေါက်ကွဲသံများကြားနေရသည်ဟု ဒေသခံများက နိရဥ္စရာကိုပြောသည်။

“တစ်ခါတခါ ကျောက်တွေကို မိုင်းခွဲသံလိုလိုကြားရပြီး တစ်ခါတစ်ခါ လက်နက်ကြီး စမ်းသပ်သလိုမျိုးလည်း ကြားရတယ်။ ညဘက်တော့ သတိမထားမိဘူး။ နေ့ခင်းဘက်တွေတော့ မကြာမကြာကြားရတယ်” ဟု အပေါက်ဝကျေးရွာမှ ကိုဦးဝင်းလှိုင်က နိရဥ္စရာသို့ပြောသည်။

ပေါက်ကွဲသံများကို ခမရ (၃၇၇)အနီး ကန်စောက်ကျေးရွာ၊ အပေါက်ဝကျေးရွာနှင့် ပြိန်းချောင်းကျေးရွာတို့အပြင် ယင်းအနီးရှိ ကျေးရွာအများအပြားမှ သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ကြားနေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

“အမြဲတမ်းလည်း ကြားရတာ မဟုတ်ဘူး။ မနက် ၁ဝ နာရီ၊ ၁၁ နာရီလောက်မှာ ကြားရတယ်။ မနေ့(သြဂုတ် ၂၀) ကလည်း ကြားရတယ်။ ဒီနေ့တော့ မကြားရတော့ဘူး”ဟု ခမရ (၃၇၇)အနီးရှိ ပြိန်းချောင်း ကျေးရွာမှ မှန်ကျောင်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝရသာမိက သြဂုတ်လ ၂၁ ရက်နေ့က နိရဥ္စရာသို့ မိန့်ကြားသည်။

ယင်းကဲ့သို့ ပေါက်ကွဲသံများကြားနေရသော်လည်း ဒေသခံပြည်သူများမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး စိုးရိမ်ထိတ်လန့်မှု အလွန်တရာဖြစ်ပေါ်နေမှုမရှိဟုလည်း ဒေသခံများက ပြောသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...