ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၂ ဦး သေဆုံး

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၂ ဦး သေဆုံး

မြန်မာ-ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အပါဝင် ၁၂ ဦး သေဆုံးကာ အများအပြားဒဏ်ရရရှိခဲ့သလို လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်) တပ်ဖွဲ့မှ သိရသည်။

ထားဝယ်-ထီးခီးလမ်းပိုင်း ဆာကဆောတပ်မဟာ တပ်ရင်း (၁) နယ်မြေ အမိုးခီးနော်သူးက္လိုရွာအနီးတွင် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဗိုလ်ကော်လောဦးဆောင်သော ကော်သူးလေတပ်မတော် (KTLA)/ Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်) မဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ၏ ခလရ (၂၆၅) စစ်ကြောင်းတို့ နှစ်နာရီခန့်အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ တိုက်ပွဲ အတွင်း ၄၀ မမ ဗုံးပစ် လောင်ချာအပါအဝင် MA 3 လေးလက်၊ ၄၀ မမ ဗုံးသီး (၁၁)လုံး၊ ကျည်ဘောက်ရှစ်ခု၊ ပစ္စတိုတစ်လက်၊ ၆၀ မမဗုံးသီးတစ်လုံး၊ ရှေ့ထွက်မိုင်း (လိပ်ခုံး) တစ်လုံး၊ ဆက်သွယ်ရေးစက်တစ်လုံးအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...