အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်ထုတ်ပြန်

အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ် အကျဉ်းထောင်အတွင်း စစ်ကောင်စီက အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်သူများကို ပုဒ်မအမျိုးမျိုးတပ်ဖမ်းဆီးသူများထဲတွင် အမိန့်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဥ်းသားများကွန်ရက်ခ(DPPN)ခက ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

အဆိုပါ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၄၀၀ နီးပါးရှိသည့်အနက် အမိန့်ချ ခံထားသည့် နိုင်ငံရေးအကျဉ်းသူမှာ ၄၂ ဦး ရှိသည်ဟု ယင်းကွန်ရက်ထံမှ သိရသည်။

ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) မှတာဝန်ရှိသူတစ်ဦးက“ပြီးခဲ့တဲ့အပတ်က ကျွန်တော် တို့ ထားဝယ်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၀၀ ကျော် ထုတ်ပြန်ခဲ့ပါတယ်၊ အခု လည်း အတတ်နိုင်ဆုံး အချက်အလက်တွေစုဆောင်ပြီး အမိန့်ချခံထားရတဲ့ အကျဉ်းသူ ၄၂ ဦး ရှိတယ်ဆို တာ ဒုတိယအကြိမ်ထုတ်ပြန်တာဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ အမိန့်ချခံထားရသူ နိုင်ငံရေးအကျဉ်းသူ ၄၂ ဦးသည် ဩဂုတ်လ ၂၂ ရက်နေ့ ပြုစုထားသော စာရင်း များသာဖြစ်ပြီး တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဥ်းသူ ၃၀ ဝန်းကျင်ခန့် ရှိနေသေးကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထားဝယ် အကျဥ်းထောင်၌ အကျဥ်းသားအချုပ်သား စုစုပေါင်း ၁၁၀၀ ဦးဝန်းကျင်ရှိပြီး ထိုထဲတွင် နိုင်ငံရေး အကျဥ်းသား ၄၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...