ထားဝယ်-ထီးခီး လမ်းပိုင်းမှာ ၁ လ တိတိ ညဖက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး ထုတ်ပြန်

ထားဝယ်-ထီးခီး လမ်းပိုင်းမှာ ၁ လ တိတိ ညဖက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ သတိပေး ထုတ်ပြန်

စစ်ရေး တင်းမာနေဆဲ ရှိနေသည့် မြန်မာ-ထိုင်း နယ်စပ် ထားဝယ်-ထီးခီး လမ်းပိုင်းကို တစ်လနီးပါးအထိ ညဖက်၌ အများပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုများက သတိပေး ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ထားဝယ်-ထီးခီး လမ်းပိုင်းအား စက်တင်ဘာလ ၆ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့ အထိ ညနေ ၆ နာရီမှ နံနက် ၆ အထိ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ထားဝယ် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ချက် အရ သိရသည်။

သတ်မှတ်ရက်အတွင်း ဖြတ်သန်းသွားလာပါက အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်မှု တစ်စုံတစ်ရာသော်လည်းကောင်း၊ ပြည်သူ့ ကာကွယ်ရေး အဖွဲ့များမှ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိခြင်း သော်လည်းကောင်း တွေ့ရှိပါက ထိခိုက်မှု တစ်စုံတစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ မသင်္ကာဖွယ်ရာ အားလုံးကို “ထားဝယ်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဦး" နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့ဖြစ်သော "Kaw Thoo Lei Army_ဆာကဆော တပ်မဟာ" တို့မှ ရှင်းလင်းပစ်မည်ဟု ယင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယင်း လမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက သုံးရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃၀ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။

March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...