မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်ရှိ စစ်ကောင်စီတပ်ပိုင် မြန်မာဘီယာစက်ရုံ ဖောက်ခွဲတိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမပေါ်ရှိ စစ်ကောင်စီတပ်ပိုင် မြန်မာဘီယာစက်ရုံ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုံ၊ အမှတ် (၃) လမ်းမပေါ်ရှိ စစ်ကောင်စီ တပ်ပိုင် မြန်မာဘီယာစက်ရုံ စက်တင်ဘာလ ၃ ရက် ည ၉ နာရီ ၃၉ မိနစ်က ဖောက်ခွဲတိုက်ခိုက်ခံရ ကြောင်း သိရသည်။

မြန်မာဘီယာစက်ရုံအား GenerationZ Defense Force & Supply Army (GZDF) အဖွဲ့မှ အဝေးထိန်း ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖောက်ခွဲမှုကတော့ စစ်တပ်ပိုင် ဘီယာစက်ရုံဂိတ်နားမှာပါ။ စက်ရုံဝင်ပေါက်နားက နံရံဘေးမှာချတာပါ။ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တခြားပြောချင်တာတော့ မရှိပါဘူး။ အဓိကတော့ အခုကျွန်တော်တို့အလှည့် ရောက်ပြီဆိုတော့ သူတို့ခံရမယ်အလှည့်ပါ။ ဖမ်းဆီးခံရဲဘော်တွေ၊ ပြည်သူ့တွေအားပြန်ရအောင်ပါ” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

ယခုတိုက်ခိုက်မှုမှာ Yangon UG Association (YUA) ၏ “ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး” စစ်ရေးဖော် ဆောင်မှု တစ်စိတ်တစ်ဒေသဖြစ်ပြီး ဒုတိယဖော်ဆောင်မှုဖြစ်ကြောင်း YUA ဘက်မှ ထုတ်ပြန်ချက်အရ သိရသည်။

ထိခိုက်မှု နောက်ဆက်တွဲအားမသိရှိရသေးသော်လည်း လက်ရှိအချိန်တွင် တိုက်ခိုက်သည့်ရဲဘော်များ ဘေးလွတ်ကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောသည်။

ဧပြီလ ၁၉ ရက် ညနေပိုင်းကလည်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြန်မာဘီယာစက်ရုံ အား ၄၀ မမ ဗုံးသီးနှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...