နွားထိုးကြီး PDF က စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ၄ ကြိမ်တိုက်ခိုက်၊ စစ်ဗိုလ်အပါအဝင် ၁၁ ဦး သေဆုံး၍ ၁၀ ဦး ပြင်းထန်ဒဏ်ရာရဟုဆို

နွားထိုးကြီး PDF က စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ၄ ကြိမ်တိုက်ခိုက်၊ စစ်ဗိုလ်အပါအဝင် ၁၁ ဦး သေဆုံး၍ ၁၀ ဦး ပြင်းထန်ဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် Natogyi PDF က စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုလေးကြိမ်တွင် စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံး၍ ၁၀ ဦးကျော် အပြင်းအထန်ဒဏ်ရာရရှိကြောင်း Natogyi PDF (NPDF) မှ တာဝန်ရှိသူ ထံက သိရသည်။

Natogyi PDF သည် “အသိုက်ကိုဖျက်ရင် အသက်ကိုပြန်လုမဲ့ တောကျီးကန်းစစ်ဆင်ရေး” အမည်ဖြင့် စက်တင်ဘာလ ၂ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်မှလေးဦးသေဆုံး၍ တစ်ဦးခြေ ထောက်ပြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြင်စည်ကျေးရွာတွင်တပ်စွဲထားသည်မှာ ကြာမြင့်နေပြီဖြစ်သလို အဆ မတန် ဆက်ကြေးကောက်ခံမှုများရှိနေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စခ (စစ်ကောင်စီတပ်သား) တွေရဲ့လုပ်ရပ်တိုင်းအတွက် ထပ်တူ သင်ပုန်းချေသွားမယ်။ များများသေရင် မြန်မြန်ပြီးမယ်။ မြန်မြန်ပြီးစေချင်ရင် များများလှူပါ” ဟု NPDF မှ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် မလှိုင်မြို့နယ် သက္ကယ်ကျင်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးပြီး လေးဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် Natogyi – PDF က ထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် သက္ကယ်ကျင်းကျေးရွာရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် နှစ်နာရီကျော်ကြာ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း Natogyi-PDF တာဝန်ရှိသူထံက သိရသည်။

သက္ကယ်ကျင်းကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကျေးရွာအုပ်ချုပ် ရေးနှင့်ပူးပေါင်း၍ ပြည်သူများအပေါ် ရက်စက်ယုတ်မာခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

Natogyi PDF သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက် ညနေ ၆နာရီ ၃၀ မိနစ်ခန့်က “ သွေးကြွေးမှာ ဆွေးနွေး စရာမရှိ စစ်ဆင်ရေး”အမည်ဖြင့် နွားထိုးကြီးမြို့နယ်၊ မြတောင်ကျေးရွာခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုလုပ်ဆောင်ပြီးနောက် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း ဒေသခံအပြစ်မဲ့ပြည်သူ အများအပြားကို ဖမ်းဆီးခဲ့ခြင်းကြောင့် စစ်သားထိခိုက်သေဆုံးမှု ရှိသော်လည်း အတိအကျ အတည် မပြုနိုင်ကြောင်း နွားထိုးကြီး PDF ကဆိုသည်။

သြဂုတ်လ ၇ ရက်နေ့ကလည်း နွားထိုးကြီးမြို့လယ်ခေါင်ရှိ ဆောက်လုပ်ရေးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပိုက်ကျော်ခြင်းခတ်နေစဉ် လက်နက်ကြီးဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဗိုလ် တစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

Natogyi PDF၏ သြဂုတ်လအတွင်းလှုပ်ရှားမှုနှင့် စက်တင်ဘာလ ၂ ရက် နေ့အထိ စစ်ရေးလှုပ်ရှားမှုများ ကြောင့် စစ်ကောင်စီတပ်မှ စစ်ဗိုလ်အပါအဝင် ၁၁ ဦးသေဆုံး၍ ၁၀ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ် သည်။

Natogyi PDF ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်သားများမှာမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း NPDF တာဝန်ရှိသူက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ စောဖေ

July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...
July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...