အောင်ဆန်းအားကစားကွင်း ပတ်ပတ်လည်ရှိ ဆိုင်ခန်းများ ယခုလကုန်အတွင်း အပြီးဖယ်ပေးရမည်

အောင်ဆန်းအားကစားကွင်း ပတ်ပတ်လည်ရှိ ဆိုင်ခန်းများ ယခုလကုန်အတွင်း အပြီးဖယ်ပေးရမည်

ရန်ကုန်မြို့လယ်ခေါင် ၊ အောင်ဆန်းအားကစားကွင်းဘေးပတ်ပတ်လည်ရှိ ဆိုင်ခန်းပေါင်းများစွာကို ယခုလ (စက်တင်ဘာလ) အကုန်အတွင်း အပြီးဖယ်ရှားပေးရမည်ဟု သက်ဆိုင်ရာမှ သတိပေးစာများလာရောက်ပေးသွားခဲ့ ကြောင်း သိရသည်။

သက်တမ်း ၁၁၂ နှစ် ရှိပြီး ယခင်က နိုင်ငံတကာအဆင့်မီ အားကစားကွင်းလည်းဖြစ်ခဲ့သည့် အောင်ဆန်းအားကစားကွင်းသည် ယခုအခါ ယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။

''တစ်နေ့ကပဲ ကျွန်တော်တို့ဆိုင်မှာ စာရောက်လာတယ်၊ ဒီလကုန်အတွင်းမှာအပြီးဖယ်ပေးရမယ်၊ အကယ်၍ ပစ္စည်းတွေကများလို့ ဒီတစ်လအတွင်းအပြီးမဖယ်ပေးနိုင်ဘူးဆိုရင် အခုထဲက ကြိုတင်ပြီးတော့ အသနားခံစာတင်ရမယ်၊ ဒါဆိုရင် နှစ်ပတ်တိတိ အချိန်ထပ်ပေးမယ်ဆိုပြီး သက်ဆိုင်ရာတွေကလာပြီး အကြောင်းကြားစာ လာပေးသွားတယ်''ဟု ဆိုင်ခန်းဖယ်ပေးခံရသည့် ဆိုင်ဝန်ထမ်းတစ်ဦးက ဆိုသည်။

အောင်ဆန်းကွင်းပတ်ပတ်လည်တွင် ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိပြီး နိုင်ငံတော်အစိုးရထံငှားရမ်းခ တစ်နှစ်လျှင် ၄၈,၁၃၃,၂၀၀ ကျပ်ပေးသွင်းရကြောင်းလည်း သိရသည်။

'' အောင်ဆန်းကွင်းပတ်ပတ်လည်က ဆိုင်ခန်းဈေးနှုန်းတွေက ကြားရင်ရီစရာတောင်ဖြစ်နေတယ်၊ တရားဝင်အစိုးရကို ပေးသွင်းရတာက တစ်လကို ၁,၂၀၀ကျပ်ပဲရှိတယ်၊ ဒါပေမယ့် အပြင်မှာပေါက်ဈေးက အောက်ထစ် တစ်လကို သိန်း ၅၀ရှိတယ်၊ ကျွန်တော်တို့သူဌေးဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဒီဆိုင်ခန်းကို သိန်း ၂၀၀ နဲ့ဝယ်ထားပြီး ပြင်ဆင်ထားတာ၊ ဆိုင်ခန်းက မြေအောက်ခန်းပါတယ်၊ မြေပြင်ညီနှင့်အပေါ်ထပ်ပါတယ်၊ အခုတော့ ဆိုင်ခန်းတွေဖြုတ်ပြီးတော့ သယ်နေကြတယ်'' ဟုလည်းအောင်ဆန်းကွင်းမှ ဆိုင်အကူ ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

အဆိုပါဆိုင်ခန်းများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ၂၀၁၈ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းချက်နှင့်ပတ်သက်ပြီး အောင်ဆန်းကွင်းပတ်လည်ရှိ ဆိုင်ခန်းများ၏ လက်ရှိပေါက်ဈေးမှာ တစ်လလျှင် သိန်း ၅၀ ခန့်ရှိပြီး လက်ရှိကောက်ခံနေသော နှုန်းထားများအရ တစ်လလျှင် ကျပ် ၁,၂၀၀ ခန့်သာရှိနေသောကြောင့် တစ်နှစ်လျှင် နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း ၁၅,၀၀၀ ကျော် နစ်နာနေသည်ဟုလည်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...