ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့ ၆ လမ်းဆုံ ဟားခါး ထာရ်ရပ်ကွက်ဘက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ဟားခါးထာရ်ရပ်ကွက်ဘက်တွင် နှစ်နာရီကျော်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်း ထမင်းစားနေကြသော ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

"ဒီမနက်မှာ ဟားခါးထာရ်ရပ်ကွက် ၆ လမ်းဆုံမှာ လူငယ်တွေနင့် စစ်ကောင်စီဘက် အပြန်လှန်ပစ်ခတ်ကြတယ်၊ နည်းနည်းတော့ကြာတယ်။ သူတို့ပစ်ခတ်တာကတော့ စကစဘက်ကလည်းလက်နက်ကြီးတွေနဲ့ သူတို့ထင်ရာဆိုင်းပစ်ခတ်တာပေါ့" ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူလျှက်ရှိကြသည်ဟု သိရသည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့ကလည်း အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးထိမှန်သေဆုံးခဲ့ရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...