ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့ ၆ လမ်းဆုံ ဟားခါး ထာရ်ရပ်ကွက်ဘက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ဟားခါးထာရ်ရပ်ကွက်ဘက်တွင် နှစ်နာရီကျော်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်း ထမင်းစားနေကြသော ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

"ဒီမနက်မှာ ဟားခါးထာရ်ရပ်ကွက် ၆ လမ်းဆုံမှာ လူငယ်တွေနင့် စစ်ကောင်စီဘက် အပြန်လှန်ပစ်ခတ်ကြတယ်၊ နည်းနည်းတော့ကြာတယ်။ သူတို့ပစ်ခတ်တာကတော့ စကစဘက်ကလည်းလက်နက်ကြီးတွေနဲ့ သူတို့ထင်ရာဆိုင်းပစ်ခတ်တာပေါ့" ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူလျှက်ရှိကြသည်ဟု သိရသည်။

ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့ကလည်း အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးထိမှန်သေဆုံးခဲ့ရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...