သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး ရုံးမီးလောင်

သထုံမြို့နယ် မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီး ရုံးမီးလောင်
Photo - CJ
Photo - CJ

သထုံမြို့နယ် မြေနီကုန်းကျေးရွာ သထုံ-ရန်ကုန်  ကားလမ်းနံဘေး မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဩဂုတ် ၂၉ ရက် ည ၇ နာရီအချိန်ခန့်က ဗုံးဖောက်ခွဲခံရပြီး ရုံးအဆောက်အဦ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိသည်။

အဆိုပါမြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလက်နက်ကိုင်လူတစ်စုမှ လာ ရောက်မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

“ဘယ်အဖွဲ့ကလည်းတော့ မသိဘူး၊ သူတို့လက်နက်တွေပါတယ်၊ သေချာမိုင်းထောင်ပြီး ဖောက်ခွဲလိုက်တာ အသံကတော့ အကျယ်ကြီးပဲ ဘေးပတ်ဝန်းကျင်က လူတိုင်းကြားတယ်။လူတော့ ထိခိုက်တာမျိုးတော့ မရှိဘူး” ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံးတစ်ခုလုံး မီးလောင်ပြိုကျပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့ ဝင်များနှင့် စစ်တပ်အဖွဲ့ဝင်များက လာရောက်မီးငြိမ်းသတ်ပေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ မီးငြိမ်းနေပေးနေစဉ်အချိန်တွင် စစ်တပ်အဖွဲ့ဝင်များမှ ၁၀ ကြိမ်ထက်မနည်း မိုးပေါ်ထောင်သေနတ်ပစ်ဖောက်ခဲ့ခြင်းကြောင့် ဒေသခံများမှ စိုးရိမ်ထိန့်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဆိုသည်။

သို့ရာတွင် ယင်းဖောက်ခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန် ထားခြင်းမရှိသေးပါ။

ရန်ကုန်-မော်လမြိုင် ကားလမ်းမ‌ကြီး ဘေးရှိ ပေါင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဩဂုတ်လ ၂၈ ရက် ည ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာလည်း နန်းခဲရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံခဲ့ရသလို ဇူလိုင်လ ၂၁ ရက်နေ့မှာလည်း အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံခဲ့ရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...