“မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး လက်နက်ခဲယမ်းများနဲ့အတူဖမ်းမိ” ဆိုတဲ့သတင်းအမှား

“မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး လက်နက်ခဲယမ်းများနဲ့အတူဖမ်းမိ” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်၊ အိုင်ဇောလ်မြို့ကနေထွက်လာတဲ့ ကားတစ်စီးကို လခရတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး Galatine ဖောက်ခွဲရေးသုံးကိရိယာ- ၇၈၀၀ ခု၊ Detonator ၄၀၆၃ ခု၊ ဖျူးကြိုး ၇၀၀ တို့ကိုသိမ်းဆီးရမိတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ Serchhip ခရိုင်ရဲတပ်ဖွဲတွေက  “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြိုကနေထွက်လာတဲ့ ကားတစ်စီးပေါ်မှာ သြဂုတ် ၁၀ ရက် နေ့လည် ၁ နာရီခွဲတွင် ရပ်တန့်စစ်ဆေးရာ ဖောက်ခွဲရေးပစ္စည်းအများအပြားဖမ်းဆီးရမိတယ်လို ရဲတပ်ဖွဲကထုတ်ပြန်ထားတာဖြစ်ပါတယ်။”

ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေဖော်ပြထားသလို မြန်မာနိုင်ငံ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိတာမဟုတ်ပါဘူး။ ပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ အကြမ်းဖက်သမားများဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာမျိုးမရှိပါဘူး။

စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ သတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။  ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာမှတင်တဲ့သတင်းမများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။

Most read this week

December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
November 27, 2025
၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နှင့်...
November 12, 2025
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ စစ်ကိုင်းသို့ ပေးပို့သော လက်နက်များစွာ...