“မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး လက်နက်ခဲယမ်းများနဲ့အတူဖမ်းမိ” ဆိုတဲ့သတင်းအမှား

“မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး လက်နက်ခဲယမ်းများနဲ့အတူဖမ်းမိ” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေ “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်းပြည်နယ်၊ အိုင်ဇောလ်မြို့ကနေထွက်လာတဲ့ ကားတစ်စီးကို လခရတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာ မီဇိုရမ်းပြည်နယ်သားယာဉ်မောင်းအပါအဝင် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်က အကြမ်းဖက်နှစ်ဉီး Galatine ဖောက်ခွဲရေးသုံးကိရိယာ- ၇၈၀၀ ခု၊ Detonator ၄၀၆၃ ခု၊ ဖျူးကြိုး ၇၀၀ တို့ကိုသိမ်းဆီးရမိတယ်လို့” ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ Serchhip ခရိုင်ရဲတပ်ဖွဲတွေက  “အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြိုကနေထွက်လာတဲ့ ကားတစ်စီးပေါ်မှာ သြဂုတ် ၁၀ ရက် နေ့လည် ၁ နာရီခွဲတွင် ရပ်တန့်စစ်ဆေးရာ ဖောက်ခွဲရေးပစ္စည်းအများအပြားဖမ်းဆီးရမိတယ်လို ရဲတပ်ဖွဲကထုတ်ပြန်ထားတာဖြစ်ပါတယ်။”

ယိမ်းနွဲ့ပါး နဲ့ အရူးလွယ်အိတ် ဆိုတဲ့ Facebook အကောင့်ကနေဖော်ပြထားသလို မြန်မာနိုင်ငံ ခရိုင်ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းမိတာမဟုတ်ပါဘူး။ ပြီးတော့ ဖမ်းဆီးခံရတဲ့သူတွေဟာ အကြမ်းဖက်သမားများဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာမျိုးမရှိပါဘူး။

စာဖတ်ပြည်သူများအနေဖြင့် Facebook အကောင့်တွေကနေတင်တဲ့ သတင်းအားလုံးကို မယုံကြည်သင့်ပါဘူး။  ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာမှတင်တဲ့သတင်းမများနဲ့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှ ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်တွေကို စောင့်ကြည့်ဖတ်ရှူပြီး သတင်းအမှား/အမှန် စိစစ်သင့်ပါတယ်။

Most read this week

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 25, 2026
အမျိုးသမီး တဦးကို စော်ကားခဲ့လို့ ထိပ်တုံးခတ် ဖမ်းဆီးခံထားရတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ...
June 20, 2026
ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...