ကလေးမြို့တွင် မွေးကုဆရာဝန်တစ်ဦး ပစ်သတ်ခံရ

ကလေးမြို့တွင် မွေးကုဆရာဝန်တစ်ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် တိရိစ္ဆန်ဆရာဝန် ဒေါက်တာမြင့်ဝင်းအား အမည်မသိလူတစ်စုက သြဂုတ်လ ၂၇ ရက်နေ့က သေနတ်နှင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု သိရသည်။

ဒေါက်တာမြင့်ဝင်းသည် ကလေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒုတိယညွှန်မှူးဖြစ်ပြီး ၎င်းမှာ ရုံးဝန်းအတွင်း မိသားစုလိုက် နေထိုင်သူဖြစ်ကာ ဩဂုတ်လ ၂၇ ရက်က တိရစ္ဆာန်ဆေးကုပြီး အပြန်မှာ အသတ်ခံရခြင်းဖြစ်သည်ဟု ကလေးဒေသခံများထံမှ သိရသည်။

ဒေါက်တာမြင့်ဝင်း ကုပေးခဲ့ဖူးသော တိရိစ္ဆန်ပိုင်ရှင်တစ်ဦးက “ဆရာဆုံးသွားတယ်ကြားတော့ စိတ်မကောင်းဘူး။ သူက သဘောကောင်းတယ်။ ကျွန်မခွေးကလေး နေမကောင်းဖြစ်တော့ သူဆီပြဖြစ်တာ။ ဟိုတခေါက်တုန်းကဆို အိမ်ထိ လာရောက်ကြည့်ပေးသေးတာ” ဟု ပြောသည်။

ဒေါက်တာမြင့်ဝင်းသည် အလုပ်ကိစ္စမှအပ အပြင်ကိုထွက်လေ့မရှိဘဲ မိသားစုနှင့် ရုံးဝန်းထဲတွင်သာ နေထိုင်သူဖြစ်ပြီး ပစ်သတ်ခံရမူ နဲ့ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

သူ၏ ရုပ်အလောင်းကို ယမန်နေ့က သင်္ဂြိုလ်ခဲ့ကြသည်ဟု သိရသည်။

April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...