ရခိုင်မျိုးစောင့်အဖွဲ့၏ ဌာနချုပ်ရုံး ဖွင့်ပွဲကျင်းပ

ရခိုင်မျိုးစောင့်အဖွဲ့၏ ဌာနချုပ်ရုံး ဖွင့်ပွဲကျင်းပ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောဒေသနေ ဌာနေတိုင်းရင်းသားများ၏ ဘဝ တိုးတက်ဖွံ့ဖြိုးမှု ရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်နေသည့် ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ ဌာနချုပ်ရုံးခန်းဖွင့်ပွဲကို စစ်တွေမြို့တွင် သြဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

၎င်းအခမ်းအနားတွင် သဘာပတိ အဖြစ် ဆရာကြီးဦးမောင်ဗသိန်းမှ ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ဦးစိုးနိုင်က ဆောင်ရွက်သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူ ဆရာကြီး မောင်ဗသိန်းက ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ၏ ဆောင်ရွက်ချက်များကို ချီးကျူးပြောကြားပြီး ရခိုင်အမျိုးသားတိုင်း ARG နှင့် အတူ ကိုယ်ပြည်နယ် ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လိုက်ပါဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။

ARG ဥက္ကဋ္ဌ ဖြစ်သူ ဦးဘအေးမှလည်း မောင်တော ဒေသတွင် ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အောင်မြင်မှု ရရှိနေသော အပိုင်းနှင့် အခက်အခဲများ ရှိနေသော အပိုင်းများကို ရှင်းလင်းပြောကြားသည်။

ARG အဖွဲ့သည် မောင်တောဒေသတွင် ရခိုင်တိုင်းရင်းသားများရေရှည် ရပ်တည်နေထိုင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

လယ်ယာလုပ်သား ရှားပါး၍ မထွန်ယက် မစိုက်ပျိုးနိုင်သော ရခိုင်တိုင်းရင်းသားပိုင် လယ်မြေ များကို လယ်ထွန်စက်များဖြင့် ထွန်ယက်ပေးခြင်း၊ စပါးရာသီတွင် မှည့်နေသော စပါးများကို ခြွေလှည့်စက်များဖြင့် ရိတ်သိမ်းပေးခြင်း၊ မွေးမြူရေးအတွက် လိုအပ်သော ဆိတ်၊ ၀က်၊ ကြက်စသည့် အိမ်မွေးတိရစ္ဆာန်များအား ထောက်ပံ့ပေးခြင်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

ယနေ့ပြုလုပ်သော ရုံးဖွင့်ပွဲသို့ ဦးဦးသာပွင့်၊ ဆရာသန်းထွန်း(ကျားချေ)၊ ဒေါက်တာထွန်းဝေ၊ ဆရာဖိုးကျော်သန်း တို့ အပါအဝင် ရခိုင်မျိုးစောင့်အဖွဲ့ဝင်များ၊ အမျိုးသမီးများ၊ စိတ်ပါ၀င်စားသူ စုစုပေါင်း ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ အကြံပြုဆွေးနွေးမှုများကိုလဲ ပြုလုပ်ခဲ့ကြသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...