ရှေ့တန်းစစ်မြေပြင်မှ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားများကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနား KNU တပ်မဟာ (၁) တွင် ကျင်းပ

ရှေ့တန်းစစ်မြေပြင်မှ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားများကို ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနား KNU တပ်မဟာ (၁) တွင် ကျင်းပ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေတွင် ရှေ့တန်းစစ်မြေပြင်မှ ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားများအား သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှ ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို သြဂုတ်လ ၂၈ ရက်နေ့တွင် ပထမအကြိမ် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“ အခု ကျင်းပတာက ရှေ့တန်းစစ်မြေပြင်မှာ ရှိတဲ့ ကျနော်တို့ KNU - KNLAနယ်မြေထဲက (တပ်မဟာ - ၁) စခန်းထိုင်ထားတဲ့ လူတွေကနေပြီးတော့ လက်နက်နဲ့ အလင်းဝင်လာတာ၊ အဲ့ကနေပြေးပြီးတော့ ကျနော်တို့နဲ့ လာပူးပေါင်းတာပေါ့ဗျာ၊ အဲ့လူတွေကို ရည်ရွယ်တာပေါ့ဗျာ၊ အဲ့ဒီမှာ NUG ကနေပြီးတော့ လက်နက်ပါရင် ဘယ်လောက်ဆိုပြီးတော့ ထောက်ပံ့မယ်ဆိုတာ ရှိတာပေါ့နော်၊ အဲ့လို ဂုဏ်ပြုချီးမြှင့်မှာက ကျနော်ထင်တာက လချီကြာအုံးမယ်၊ ကျနော့်အတွေ့အကြုံအရပေါ့လေ၊ သူတို့က ရုတ်တရက်ရှေ့တန်းစစ်မြေပြင်ကနေ ပြေးလာတာဆိုတော့ အဝတ်အစားတွေ တစ်ကိုယ်ရေအသုံးအဆောင်တွေ လက်ရှိပေါ့လေ၊ ပါမလာတာ သတိထားမိတယ်၊ အဲ့ဒီအတွက် သူတို့ကို စုစည်းပြီးတော့ ချီးမြှင့်ငွေပေးအပ်ခြင်း ဖြစ်ပါတယ်”ဟု မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှ အတွင်းရေးမှူး စောနော်ဆူးမှ ပြောသည်။

အဆိုပါ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားများတွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း ရှာဖွေလုပ်ကိုင်ပြီး မိသားစုကို ပြန်လည်ထောက်ပံ့မည့်သူ ရှိသလို၊ အချို့မှာ စစ်တပ်ရဲ့ မတရားမှုတွေအတွက် လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်မည့်သူများလည်း ရှိကြောင်းသိရသည်။

“ လက်ရှိအရေးအခင်းမှာ ကျနော်တို့ပြည်သူတွေ မတရားသဖြင့် ခံနေရတယ်ပေါ့နော်၊ အဲ့အခါကျတော့ ပြည်သူ့တပ်မတော်သားဆိုတဲ့ သူ့ရဲ့ကျင့်ဝတ်တွေရှိပါတယ် ဆိုတဲ့အခါကျတော့၊ ကျင့်ဝတ်နဲ့ ပြန်ချိန်ပြီးတော့ အမှန်တကယ် ပြည်သူ့တပ်မတော်သား ဟုတ်မဟုတ်ပေါ့လေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပြီးတော့ အချိန်မနှောင်းခင်မှာ ပြည်သူ့နဲ့ပူးပေါင်းပါပေါ့နော်၊ ပြည်သူနဲ့ပူးပေါင်းတဲ့အခါမှာ ကြားခံအဖွဲ့အစည်းတွေနဲ့ ကျနော်တို့ တပ်မဟာ (၁) အနေနဲ့ မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေပြီးတော့ အလုံးစုံကူညီပေးဖို့ ရင်ဖွင့်ကြိုဆိုပါတယ်”ဟု မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှ အတွင်းရေးမှူး စောနော်ဆူးမှပြောသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်တပ်မှ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လက်နက်အားကိုးကာ အာဏာသိမ်းခဲ့ပြီးနောက် တစ်နှစ်ခွဲအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင် အချို့သည် ပြည်သူနှင့်ပူးပေါင်းကာ CDMပြုလုပ်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...