မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား

မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်ပွား
Photo - Mawlamyine Rescue
Photo - Mawlamyine Rescue

မော်လမြိုင်မြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ၁၉လမ်းတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ဩဂုတ်လ ၂၈ ရက် ညပိုင်းက ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ သီရိမြိုင်ရပ်ကွက် (၁၉) လမ်းနေ အသက် ၄၈ နှစ်အရွယ် ဦးနိုင် (အမည်လွှဲ) ဆိုသူဖြစ်ပြီး စားဝတ်နေရေး အခက်အခဲကြောင့် အဆုံးစီရင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

"အဓိကက စားဝတ်နေရေးပြသာနာပေါ့။ အိမ်မှာက သူ့လုပ်စာ တစ်ခုထဲနဲ့ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဆိုက္ကားတွေကလည်း အရင်လိုမနင်းရတော့ သူအတွက် ပိုဆိုးတာပေါ့။ လင်မယား စကားတွေများကြနဲ့ သူ့အတွက်ဖိအားတွေ များမှာပေါ့" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မိသားစုဝင် ၅ ဦး ကျန်ရစ်ခဲ့ပြီး သားသမီးလေးဦးအနက် ကလေးငယ် နှစ်ဦး ကျန်နေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး OPT သို့ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်တွင် မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဒေါင်းဇရပ်၊ ဇီးပင်လမ်းကြားရှိ နေအိမ်တစ်လုံးမှ အမျိုးသားတစ်ဦးမှာ ကြိုးဆွဲချကာ အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...