ကလေးမြို့ စက်မှုဇုန်တံတားအနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရ အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံး

ကလေးမြို့ စက်မှုဇုန်တံတားအနီး စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရ အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့မနက်ပိုင်းက အင်အား ၄၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိတစ်ဦးအပါဝင် ၃ ဦးသေဆုံးခဲ့သည်ဟု PDF (Kalay) က ထုတ်ပြန်သည်။

ကလေးမြို့တက္ကသိုလ်ဘက်မှ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကို ခြေလျှင်ဖြင့်ဆင်းလာသော အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို စက်မှုဇုန်တံတားအနီးတွင် PDF (Kalay) ၏ မြို့ပြပျောက်ကျား စစ်ဆင်ရေးတပ်ဖွဲ့က အသင့်တတ်ဆင်ထားသော မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးအပါအဝင် ၃ ဦးဆေသုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှ ပန်းရံလုပ်သား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ရာနေရာအနီးတွင် ဖြတ်သန်းသွားလာသော ပြည်သူတစ်ဦး မိုင်းထိမှန်ခဲ့ပြီး ယင်းအတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် လုံခြုံရေးအထူးသတိပြု၍ စစ်ကောင်စီတပ်ဖွဲ့ကို ဝေးဝေးမှ ကြိုတင်ရှောင်ရှားကြပါရန်လည်း

PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...