ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ မေယုဒေသအရေးနှင့် ပတ်သက်ပြီး အစိုးရကို တိုက်တွန်းကြောင်း အဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန်အတည်ပြု

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ မေယုဒေသအရေးနှင့် ပတ်သက်ပြီး အစိုးရကို တိုက်တွန်းကြောင်း အဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန်အတည်ပြု
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ မေယုဒေသလုံခြံုရေး အဆိုကို သြဂုတ် ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်တွင် တင်သွင်းရာ လွှတ်တော်မှလက်ခံပြီး ဆွေးနွေးခွင့်ပြုလိုက်ပြီဟု သိရသည်။

“ ကျွန်မတင်တဲ့ အဆိုက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိတဲ့ ဘင်္ဂလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းတွေရဲ့ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းဟာ နိုင်ငံတော် လုံခြံုရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်မြေ တည်တံ့ခိုင်မြဲရေးနဲ့ အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာ ထိပါး နှောင့်ယှက်လာပြီ ဖြစ်၍ ဒေသတွင် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး လုံုခြံုရေး အစီအမံများချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ဒေါ်ခင်စောဝေ တင်သွင်းသောအဆိုအား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ် ဦးဖေသန်းမှ ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်ဟု ဆိုသည်။

၎င်းအဆိုအား ဆွေးနွေးလိုကြသူများသည် နောက်လာမည့် တနင်္လာနေ့တွင် နာမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး အင်္ဂါနေ့လောက်တွင် ဆွေးနွေးကြမည် ဖြစ်သည်။

မေယုဒေသလုံခြံုရေးနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်တွင်လည်း ရသေ့တောင်နှင့် ပုဏ္ဍားကျွန်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်မှ အဆိုတင်သွင်းခဲ့ရာ ယခုအခါ ၎င်းအဆိုကို ငါးယောက်တစ်သုတ်စီဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးနေရာ (၁၀) ယောက်ထိ ဆွေးနွေးပြီးစီးသွားခဲ့ပြီး နောက်ထပ် (၁၀) ယောက် ဆွေးနွေးရန် ကျန်နေသေးကြောင်း သိရသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...