ပြောင်းရွှေ့သွားသည့် ဆရာမ ၄ ဦးနေရာ အစားထိုးခန့်အပ်ခြင်းမရှိ၍ သရွဲရခိုင်ရွာ ကလေးငယ်များ စာမသင်ရ

ပြောင်းရွှေ့သွားသည့် ဆရာမ ၄ ဦးနေရာ အစားထိုးခန့်အပ်ခြင်းမရှိ၍ သရွဲရခိုင်ရွာ ကလေးငယ်များ စာမသင်ရ
by -
ကျော်ဝင်း
ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ သရွဲရခိုင်ရွာ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် မူလတန်းပြဆရာမလေးဦးလုံး ရာထူးတိုးဖြင့် ပြောင်းရွေ့သွား၍ ၎င်းလစ်လပ်သွားသော နေရာတွင် ဆရာ၊ဆရာမများအား အစားထိုးချပေးခြင်းမရှိသောကြောင့် ကလေးငယ်များ ပညာသင်ကြားရေး အခက်အခဲ ဖြစ်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘မူလတန်းမှာ ဆရာမလေးဦးလုံးပြောင်းရွေ့သွားတော့ ကျနော်တစ်ယောက်တည်း ကျန်နေခဲ့တယ်။ ကျနော်က လေးတန်းကိုပြတယ်။ ကျန်တဲ့အတန်းတွေကို ကျွန်တော်လဲ မပြနိုင်တော့ ဒီအတိုင်းဘဲ စာမသင်ဘဲထားရတယ်။ ဆရာနှစ်ယောက်လောက် အစားပြန် ရမယ်ဆိုရင်တောင် မဆိုးဘူး။ စာသင်ဖို့ အခက်အခဲဖြစ်နေတဲ့အတွက် အမ်းမြို့နယ် ပညာရေးမှူးရုံးကိုသွားပြီး ဆရာဆရာမချထားပေးဖို့ မနေ့က လူကိုယ်တိုင်သွားရောက် တောင်းဆိုခဲ့တယ်။ ဒုမြို့နယ်ပညာရေးမှူးကတော့ အသနားခံစာ တင်ဖို့ ပြောလိုက်တယ်’’ဟု သရွဲရခို်င်ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ထွေး ကပြောသည်။

သရွဲရခို်င်ရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ဆရာကြီး အပါအဝင် မူလတန်း ဆရာမ လေးဦး၊ အလယ်တန်းပြဆရာ ဆရာမ သုံးဦးရှိကြောင်း၊ ၎င်းအထဲမှ မူလတန်း ဆရာမ လေးဦးစလုံး ရာထူးတိုးဖြင့် ပြောင်းသွားကြောင်း၊ အလယ်တန်းပြ ဆရာ ဆရာ သုံးဦးမှာလည်း သူ့အတန်းနှင့်သူ ပြနေသဖြင့် မူလတန်းကို ကူညီပြသရန် မဖြစ်နိုင်ကြောင်း၊ သို့အတွက် မူလတန်းအဆင့် ကျောင်းသားများ စာမသင်ရဘဲ ဖြစ်နေကြောင်း ကျောင်းအုပ်ဆရာကြီးက ရှင်းပြပြောဆိုသည်။

‘‘ ကျေးရွာလူကြီးတွေကိုလည်း ပြောကြည့်ပြီးပြီ။ ဆရာဆရာမ မရှိတဲ့အတွက် ငှားကြမလား။ ရွာလူကြီးတွေကတော့ ဒီနှစ်မှာ မငှားနိုင်တော့ဘူးလို့ပြောတယ်။ ဘယ်လိုလုပ်ကြမလဲဆိုတာတော့ ရွာသားတွေနဲ့တိုင်ပင်ရပါအုံးမယ်” ဟု ကျောင်းအုပ် ဆရာကြီးက ဆက်ပြောသည်။

သရွဲရခို်င်ရွာ အခြေခံပညာ အလက (ခွဲ)တွင် လွန်ခဲ့သောနှစ်များကလည်း ဆရာ ဆရာမ မလုံလောက်သဖြင့် အလယ်တန်းအတွက် ဆရာ ဆရာမနှစ်ဦးကို တစ်ဦးကို ဆယ်သိန်းကျပ်ကုန်ကျခံကာ နှစ်စဉ် ငှားပြီးသင်ကြားခဲ့ရကြောင်း ကျေးရွာသားတွေက ပြောသည်။

သရွဲရွာ အလက(ခွဲ) တွင် ကျောင်းသား၊ ကျောင်းသူ မူလတန်းတွင်(၁၁၃)ယောက်နှင့် အလယ်တန်း(၉၁)ယောက် စုစုပေါင်း(၂၀၄)ယောက်ရှိကြောင်းသိရသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...