CNO ကျန်းမာရေးဌာနမှ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်

CNO ကျန်းမာရေးဌာနမှ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံဖွင့်လှစ်

Chin National Organization (CNO) ၏ ကျန်းမာရေးဌာနမှ ကြီးမှူးသည့် Suangdawn ကုတင် (၅၀) ဆံ့ ဆေးရုံဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ သြဂုတ်လ (၂၀) ရက် နံနက် (၁၀) နာရီက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် ကျင်းပခဲ့ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်းဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်း သီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့ပြီးနောက် CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ICNCC မှ ပေးပို့သည့်သဝဏ်လွှာကို CNO တွဲဖက်အတွင်းရေးမှူး (၂) ဆလိုင်းဂျိုးဆက်မှ ဖတ်ကြားခဲ့သည်ဟု သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ဆက်လက်ပြီး Suangdawn ဆေးရုံသစ်အတွက် ဆုတောင်းဆက်ကပ်အပ်နှံပြီး CNO တွဲဖက်အတွင်းရေးမှူး (၁) နှင့် CJDC အတွင်းရေးမှူးဖြစ်သူ ဆလိုင်းတီမီမှ မိန့်ခွန်းပြောကြားခဲ့ပြီး မြို့မိမြို့ဖကိုယ်စား ပူးကြွန်ဘွဲ့မှ အမှာစကားပြောကြားကာ ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။

ဒေါက်တာမျိုးသူနှင့် PDF-kalay စစ်ဦးစီးချုပ် Jelly တို့မှလည်း အမှာစကားအသီးသီးပြောကြားခဲ့ပြီး CNO ကျန်းမာရေးဌာန၏ အတွင်းရေးမှူး ဆလိုင်းလိုင်လျန်မှုန်းမှ ကျေးဇူးတင်စကားပြောကြားကာ အပိတ်ဆုတောင်းခြင်းဖြင့် အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။

ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင်ပြီး ဆေးကုသပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဆေးရုံအဖြစ်သို့ တိုးချဲ့ကာ PDF-kalay ဆရာဝန်များနှင့် ပူးပေါင်းလက်တွဲပြီး ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသပေးခြင်း၊ ကလေး မီးဖွားပေးခြင်းနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...