ကုလအထူးကိုယ်စားလှယ်၏ ဆွေးနွေးချက်များ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံများဖြစ်ရန် လိုအပ်သည်ဟု NUG ပြော

ကုလအထူးကိုယ်စားလှယ်၏ ဆွေးနွေးချက်များ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံများဖြစ်ရန် လိုအပ်သည်ဟု NUG ပြော

ကုလအထူးကိုယ်စားလှယ်၏ ဆွေးနွေးချက်များ မြန်မာပြည်သူတစ်ရပ်လုံး၏ အသံများဖြစ်ရန် လိုအပ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ နေပြည်တော်တွင် တွေ့ဆုံမည်ဖြစ်သည်။

" Ms. Noeleen Heyzer ၏ ဆွေးနွေးချက်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်ကာ မြန်မာပြည်သူလူထု၏ အသံကို ထင်ဟပ်ရမည်" ဟု NUG က ဆိုသည်။

ထို့ပြင် အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ အဆုံးသတ်ရေးကို ဦးတည်ရမည့်အပြင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ထောက်ပံ့ကူညီမှုများကို လက်နက်သဖွယ် အသုံးချနေခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းတို့အား အဆုံးသတ်ရန် ဆောင်ရွက်ရမည်ဖြစ်သည်ဟု NUG က ထောက်ပြသည်။

ထို့အပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေသည့် အကြမ်းဖက်စစ်အုပ်စုက လှုံ့ဆော်လျက်ရှိသည့် ပြဿနာ အကျပ်အတည်းများကိုလည်း ဖြေရှင်းရမည်ဖြစ်ပြီး ဖြေရှင်းနိုင်ခြင်းမရှိပါက အကြမ်းဖက်စစ်အုပ်စုအား စစ်ရာဇဝတ်သားများအဖြစ်မှ သက်သာရာရသွားစေမည့်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်ဟု NUG က သုံးသပ်သည်။

နိုလင်းဟေဇာ၏ ခရီးစဥ်ကို UN က ထုတ်ပြန်သည့် နေ့မှာပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထပ်တိုးထောင်ဒဏ်ခြောက်နှစ်အား မတရားသဖြင့် ချမှတ်ခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က အကြိမ်ကြိမ်ရှုတ်ချခဲ့သော်လည်း စစ်ကောင်စီ၏ လုပ်ရပ်များမှာ တမင်တကာ ရန်စနေသည့် အခြေအနေဖြစ်သည်ဟု NUG က ထောက်ပြသည်။

ထို့အပြင် နိုင်ငံရေးအကျဥ်းသား လေးဦးကို ကွပ်မျက်မှုမှာ အကြမ်းဖက်စစ်အုပ်စုက အာဆီယံနှင့် ကုလသမဂ္ဂတို့၏ တောင်းဆိုချက်များကို ပယ်ချရုံသာမက အကြမ်းဖက်လုပ်ရပ်များအား ယခုထက် ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်လျက်ရှိနေခြင်းဟု NUG က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အားထားရသော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဟု NUG က ထုတ်ပြန်သည်။

နိုလင်းဟေဇာသည် မြန်မာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်က ခန့်အပ်ခံရခြင်းဖြစ်သော်လည်း စစ်ကောင်စီက ပြည်ဝင်ခွင့်မပေးသဖြင့် လာရောက်နိုင်ခြင်းမရှိဘဲ ယခုမှသာ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...