စစ်ကောင်စီကိုဖယ်ရှားနိုင်မည့် နည်းလမ်းများကို ကုလအထူးကိုယ်စားလှယ်အနေဖြင့် လုပ်ဆောင်သင့်ကြောင်း NUGဆို

စစ်ကောင်စီကိုဖယ်ရှားနိုင်မည့် နည်းလမ်းများကို ကုလအထူးကိုယ်စားလှယ်အနေဖြင့် လုပ်ဆောင်သင့်ကြောင်း NUGဆို

မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်လာသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ(Noeleen Heyzer )သည် စစ်ကောင်စီကို ဖယ်ရှားနိုင်မည့် အကြောင်းအရာများကို ပြင်ဆင်ပြီး လုပ်ဆောင်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာ သည် ဩဂုတ် ၁၆ရက်နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

၎င်း၏ ခရီးစဉ်ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ကုလပြောရေးဆိုခွင့်ရှိသူက ခရီးစဉ်တွင် သူမ၏ လုပ်ငန်းအားလုံးကို ဆောင်ရွက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အမြန်ဆုံးရောက်ရန် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

ဦးအောင်မျိုးမင်းက ” ကမ္ဘာက မျှော်လင့်ထားသလို အကြမ်းဖက်စစ်ကောင်စီက တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အကြောင်းအရာ ဒါတွေကို လိုက်လျောမယ့်ပုံစံ မရှိတော့ဘူး။” ဟု ဆိုသည်။

ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းပြည်တွင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ခွင့်ပြုရန် ကုလအထူးလုံခြုံရေးကောင်စီက ပြောကြားပြီးနောက်တွင် ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အထူးကိုယ်စားလှယ်နိုလင်းဟေဇာ၏ လာမည့် မြန်မာနိုင်ငံ ခရီးစဉ်ကို သတိထားပြီး စောင့်ကြည့်နေသည်ဟု NUGနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း NUG၏သတင်းများတင်ဆက်ပေးနေသည့် PVTVမီဒီယာ၌ ဩဂုတ်လ ၁၆ရက်နေ့တွင် ဖော်ပြထားသည်။

ခရီးစဉ်တွင်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ပြန်ကြားရေးတာဝန်ရှိသူက မီဒီယာအချို့သို့ ဖြေကြားထားသည်ကိုတွေ့ရသည်။

“ပုံမှန်တိုင်းလာရောက်တွေ့ဆုံပြီးတော့ ဘာတွေဖြစ်နေပါသလဲဆိုတာ မေးမြန်းမယ့်အစား ဒီထက်ပိုမိုပြီးတော့ ပြင်းထန်တဲ့ ထုတ်ဖော်ပြောကြားမှုတွေ၊ တကယ့်ကို အကြမ်းဖက်စစ်ကောင်စီကို ယဉ်ကျေးတဲ့ ပုံစံမျိုးဖြစ်လာဖို့ကခက်ခဲနေတယ်။ ဒါကြောင့် သူတို့ကို ဘယ်လို ဖယ်ရှားနိုင်ဖို့အတွက် နိုင်ငံတကာက ဘယ်လို လုပ်ဆောင်သင့်လဲဆိုတဲ့ အကြောင်းအရာကို ပြင်ဆင်ပြီးတော့ လုပ်ဆောင်မှသာ အကျိုးရှိပါလိမ့်မယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ထိုသို့လုပ်ဆောင်နိုင်ခြင်းမရှိပါက ကုလအထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် သတင်းစာထဲတွင် ပါဝင်လာမည့် ဓာတ်ပုံတစ်ပုံထက် ပိုမိုထူးခြားလာမည်မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...