မီဇိုရမ်ဂီတရန်ပုံငွေရှာဖွေပွဲမှ ကလေးမြို့စစ်ဘေးရှောင်များအတွက် ရူပီး ၅ သိန်းကျော်ရရှိ

မီဇိုရမ်ဂီတရန်ပုံငွေရှာဖွေပွဲမှ ကလေးမြို့စစ်ဘေးရှောင်များအတွက် ရူပီး ၅ သိန်းကျော်ရရှိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေရှာဖွေရေး “Mobile Charity Concert” ကျင်းပပြုလုပ်ခဲ့ကြရာတွင် အလှူငွေ ရူပီးငွေ ၅ သိန်းကျော်ရရှိခဲ့ကြသည်ဟု သိရသည်။

Mobile Charity Concert ရန်ပုံငွေရှာဖွေပွဲကို မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့၊ NGO united for Democratic Myanmar နှင့် မီဇိုးအဆိုတော်ဖြင့်စုဖွဲ့ထားသော MZI, MDM, PUMP တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

ယင်းရန်ပုံငွေရှာဖွေပွဲတွင် မီဇိုးအဆိုတော်များက သီချင်းအားဖြင့်သီဆိုဖျော်ဖြေကြပြီး မြို့ထဲကပြည်သူများထံ အလှူခံပုံးများဖြင့် အလှူငွေများ ကောက်ခံခဲ့ကြခြင်းဖြစ်သည်။

ရန်ပုံငွေရှာဖွေသည့်ပွဲများကို အိုင်ဇောလ်မြို့၏ အချက်အချကျသော လမ်းဆုံများတွင် ဇူလိုင်လ ၂၉၊ သြဂုတ်လ ၆ နှင့် သြဂုတ်လ ၁၅ ရက်နေ့တို့တွင် သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏ ဘေးရန်မှလွတ်မြောက်နိုင်ရန် အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၄ သောင်းဝန်းကျင်ခန့်ရှိသည်ဟု ခန့်မှန်းရပြီး ၎င်းတို့ကို မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများက စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ လက်ခံစောင့်ရှောက်ကူညီလျက်ရှိသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...