ကလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှုရှိလာ

ကလေးမြို့တွင် စက်သုံးဆီပြတ်လပ်မှုရှိလာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး အချို့သောဆီဆိုင်များတွင် ဝယ်ယူရန်မရှိတော့ဘဲ ပြတ်လပ်နေပြီဖြစ်သောကြောင့် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း ဒေသခံတွေထံမှ သိရသည်။

ယနေ့တွင် ကလေးမြို့ရှိ BOC အစရှိသော ပန့်ဆိုင်ကြီးများအချို့ စက်သုံးဆီများရောင်းပေးရန် မရှိတော့ဘဲ ပိတ်လိုက်ရကြောင်းကို ဆီတည့်ရန်သွားသော ဒေသခံတစ်ဦးထံမှ သိရသည်။

“တာဟန်းကနေ ဆိုင်ကယ်ဆီထည့်ဖို့ သွားတယ်၊ ဘူတာလမ်းခွဲပန့်ဆိုင်က ပိတ်ထားတော့ ဆက်သွားတာပေါ့၊ BOC လဲရောက်ရော အဲမှာလဲ ရောင်းစရာမရှိတော့လို့ ပိတ်လိုက်တာဆိုပြီး ပြောလွှတ်လိုက်တယ်။ ဒါနှင့် ကျွန်တော်လဲ အရင်ဖြည့်ဖူးနေကျ ဆိုင်မှာ သွားဖြည့်တာ ၃၀၀၀ဖိုးပဲရခဲ့တယ်။ ဟာ… ပိုက်ဆံရှိရင်တောင် လိုသလောက်မရနိုင်တဲ့ အဖြစ်ပါလား၊ ရှေ့ဆက်အခက်တွေ့ပြီပဲ” ဟု ပြောသည်။

ကလေးမြို့တွင် ဓာတ်ဆီ Octane 92 တစ်ဂါလံ ၁၆၀၀၀-၁၈၀၀၀ ကြားရှိပြီး Octane 95 တစ်ဂါလံ ၁၈၀၀၀  နှင့်အထက်တွင် ရှိနေကြောင်းသိရပါသည်။

ဒေသခံ အိမ်ရှင်မတစ်ဦးက “ကျွန်မသမီးလေး ရှေ့ရေးအတွက် မူကြိုပို့ထားရတာ၊ နေ့တိုင်းအကြိုအပို့ လုပ် နေရပါတယ်၊ အခုလို စက်သုံးဆီဈေးတွေ ဆက်တိုက် အဆမတန် မြင့်တက်လာရင်တော့ ပုံမှန်ဝင်ငွေမရှိတဲ့ ကျွန်မတို့လို လူက ဟိုငယ်ငယ်တုန်းကလိုမျိုး အချိန်ယူပြီး ခြေလျှင်လျှောက်ဖို့ပဲ တတ်နိုင်တော့မယ်” ဟု ပြောသည်။

ကလေမြို့သည် ဆိုင်ကယ်အသုံးများသည့် မြို့တစ်မြို့ဖြစ်ပြီး ယခုကဲ့သို့ ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာသည့်အပြင် ပြတ်လပ်သည့်အခြေအနေ ရောက်နေသည့်အတွက် ဒေသခံပြည်သူများ အခက်ကြုံနေရသည်ဟု သိရသည်။

ကလေးမြို့မှ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ပြေးဆွဲနေသူ ကားဆရာတစ်ဦး ပြောပြချက်အရ ဆီဈေးတက်သော်လည်း ကားခမှာ ယခင်ဈေးနှုန်းအတိုင်းပဲပြေးဆွဲရန် မလွယ်ကူကြောင်း၊ ရှေ့ဆက် အပြောင်းအလဲတော့ ရှိလာနိုင်ကြောင်း ပြောပါသည်။

April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...