စစ်တွေမြို့တွင် H1N1 ကူးစက်ခံထားရသည့် တစ်နှစ်အရွယ် အမွှာကလေးငယ်နှစ်ဦးထပ်တွေ့

စစ်တွေမြို့တွင် H1N1 ကူးစက်ခံထားရသည့် တစ်နှစ်အရွယ် အမွှာကလေးငယ်နှစ်ဦးထပ်တွေ့
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် H1N1 ကူးစက်ခံထားရသည့် တစ်နှစ်အရွယ် အမွှာကလေးငယ်နှစ်ဦးကိုထပ်မံ တွေ့ရှိထားကြောင်း စစ်တွေမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က မဇ္စျိမသို့ပြောသည်။

စစ်တွေမြို့တွင် သြဂုတ် ၁၁ ရက်က H1N1 ဖြစ်ပွားစတင်ဖြစ်ပွားသည့် ကလေးငယ်တစ်ဦးကို တွေ့ရှိ ခဲ့ပြီး ယခု တစ်နှစ်ကျော် ကလေးငယ်နှစ်ဦးကိုထပ် မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ သုံးယောက်ပေါ့ တွေ့တာကလေ။ ထပ်တွေ့တာကလည်း ကလေးတွေချည်းပဲအခုက တစ်နှစ်ကျော်ကျော်  သူတို့က အမွှာပါ ဆေးရုံးတတ်လာတယ်။ ကျွမ်းကျင်တဲ့ သမားတော် ကလေးအထူးကုတို့ကကြည့်ပြီးတော့ သံသယရှိလို့စစ်တယ် အဖြေရတာ ၁၅ ရက်နေ့ကပါ “ ဟု စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

ထပ်မံတွေ့ရှိခဲ့သည့်ကလေးငယ်နှစ်ဦးမှာ သြဂုတ် ၁၃ ရက်နေ့လောက်က စစ်တွေပြည်သူ့ဆေးရုံသို့လာရောက်ကုသခဲ့ပြီး သံယရှိ၍ စစ်ဆေးရာမှ သြဂုတ် ၁၅ တွင် H1N1 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး စစ်တွေ ကုတင် ၅၀၀ ဆန့်ဆေးရုံကို လာရောက်ကုသသူ၂၈၅၁ ဦး ရှိခဲ့ပြီး ရာသီတုပ်ကွေးရောဂါကြောင့် ပြင်ပလူနာအဖြစ် ကုသမှုခံယူသူ ၂၀၈ ဦးရှိခဲ့ကြောင်းသိရသည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...