မောင်တောဒေသတွင် အုပ်ချုပ်ရေးယန္တရားပျက်ပြားပြီး တရားဥပဒေစိုးမိုးမှု မရှိရာမှ အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား

မောင်တောဒေသတွင် အုပ်ချုပ်ရေးယန္တရားပျက်ပြားပြီး တရားဥပဒေစိုးမိုးမှု မရှိရာမှ အကြမ်းဖက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် (မယူကမ်းခြေ)တွင် အကြမ်းဖက်မှုများ တိုးပွားလာခြင်းမှာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားပြီး တရားဥဒေစိုးမိုးမှု မရှိရာမှ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ကြောင်း သြဂုတ် ၁၆ ရက်နေ့ မောင်တောမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မောင်တောမြို့နယ် အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအေးသိန်းက "အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ မောင်တောဒေသမှာ ပျက်ပြားနေပါတယ်။ ဘင်္ဂလီ ရွာတွေမှာ ဘယ်သူဝင်လို့၊ ဘယ်ရွာမှာ ဘယ်သူက ဘာလုပ်နေတယ်ဆိုတာကို အာဏာပိုင်တွေက မသိရှိပါဘူး။ အဲသလို ကျေးရွာတွေ အတွင်းမှာ ဘာလုပ်လို့ ဘာကိုင်နေတယ်ဆိုတာကို မသိ တာဟာ အုပ်ချုပ်ရေး ပျက်ပြားတာပါဘဲ။ အုပ်ချုပ်ရေး ပျက်ပြားတော့ တရားဥပဒေ စိုးမိုးမှု မရှိ ဖြစ်လာတယ်။ တရားဥပဒေစိုးမိုးမှု မရှိတော့ အကြမ်းဖက်မှုတွေက တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာတယ်။ သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာတယ်။ နောက်ပိုင်းမှာ ပြည်တွင်းတောင် မဟုတ်တော့ဘူး၊ နိုင်ငံတကာနဲ့ ဆက်စပ်ပြီး လူပ်ရှားလာတဲ့ အကြမ်းဖက်မှု အဆင့်ကို ရောက်လာတာဖြစ်ပါတယ်။ အခုအခါ နေရာတိုင်းမှာ ကွန်ယက်တွေဖွဲ့ပြီး လူပ်ရှားလာတဲ့ အတွက် အခြေ အနေဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိလာရတာ ဖြစ်ပါတယ်” ဟု ဥက္ကဋ္ဌ ဦးထွန်းအေးသိန်းက ပြောကြားသည်။

မောင်တောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလဲ မောင်တောဒေသ လုံခြံုရေးသည် မီးလောင်ပြာကောက် လုံခြံုရေး စနစ် ဖြစ်သောကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးပွားလာရသည်ဟု ပြောဆိုသည်။

" မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် မေယုဒေသမှာ အကြမ်းဘက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ်နေရတာကတော့ အစိုးရအနေနဲ့ ဒေသလုံခြံုရေးအတွက် ကြိုတင် ကာကွယ် ပြင်ဆင်မှုတွေမရှိတဲ့ အတွက် ဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးမှ နောက်ကနေ လိုက်လံဆောင်ရွက်တယ်။ ဒါဟာ ဘာနဲ့ တူသလဲဆိုရင် မီးမလောင်ခင် ကြိုတင် တားဆီးဖို့ မစီစဉ်ဘဲ မီးလောင်ပြီးမှ ပြာကောက်တဲ့ သဘောဖြစ်ပါတယ်။ ဒီလို လုံခြံုရေးစနစ်တွေကြောင့် အခုလိုမျိုး အကြမ်းဘက် တိုက်ခိုက်မှုတွေ ဖြစ်ပွား နေရတာ ဖြစ်ပါတယ်"ဟု ဦးမောင်အုန်းက ပြောဆိုသည်။

mayuuu

အစိုးရအနေဖြင့် မေယုဒေသ အကြမ်းတိုက်ခိုက်မှုများကို ချုပ်ငြိမ်းစေရန် အုပ်ချုပ်ရေး ယန္တရားကို ပြန်လည်ကောင်းမွန်အောင် တည်ဆောက်ပြီး တရားဥပဒေစိုးမိုးရေးကို ရှေ့ရှု လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဦးမောင်အုန်းက ထောက်ပြ ပြောဆိုသည်။

အကြမ်းဘက်သမားများသည် မောင်တောဒေသ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် အတွက် အစိုးရအာဏာပိုင်များက ခန့်အပ်ထားသည့် ဘင်္ဂလီကျေးရွာများမှ အုပ်ရေးမှူးများ၊ အစိုးရကို လိုလားသူများ၊ အကြမ်းဖက်မှုကို မထောက်ခံသူများကို လိုက်လံ သတ်ဖြတ်မှုများ ရှိနေသဖြင့် ဒေသ၏ တရားဥပဒေစိုးမိုးမှုမှာ တစ်စထက် တစ်စ ဆိုးရွားလာခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ထောက်ပြ ပြောဆိုခဲ့ကြသည်။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးမှုရှိလာအောင် လုပ်ဆောင်မည်ဆိုလျင် ပြဌာန်းထားသည့် တည်ဆဲ အကြမ်းဖက်ဥပဒေများနှင့် အညီ ထိထိရောက်ရောက် ကိုင်တွယ် အရေးယူရန် လိုအပ်ကြောင်း ဘူးသီတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောကြားသည်။

ယနေ့ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်ရှင်းလင်းပြောကြားသူ အများစုမှ တရားဥပဒေ စိုးမိုးမှု မရှိဘဲ ဖြစ်နေသည်ကို အဓိက ထောက်ပြကြပြီး ဒေသ တည်ငြိမ်အေးချမ်းလိုလျှင် အစိုးရ အနေဖြင့် အပြောနှင့် မဟုတ်လဲ လက်တွေ့ လုပ်ဆောင်ရန် လိုကြောင်း ပြောကြားကြသည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ မောင်တော၊ ဘူးသီတောင်နှင့် ရသေ့တောင် မြို့နယ်များမှ ဒေသခံပြည်သူများ၊ ကိုင်းကြီးကျေးရွာနှင့် အနီးဝန်းကျင်မှ မြိုတိုင်းရင်းသားများ၊ ရခိုင်အမျိုးသားရေးအတွက် လှုပ်ရှားနေသူများ၊ ရဟန်းသံဃာများ၊ စိတ်ပါ၀င်စားသူများ စုစုပေါင်း လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...