တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားသည့် ရဲဘော်များကို ချင်းရန်ပုံငွေအဖွဲ့က ကူညီမည်

တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားသည့် ရဲဘော်များကို ချင်းရန်ပုံငွေအဖွဲ့က ကူညီမည်

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ရင်း မျက်လုံးနှစ်ဖက်ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်းတော်လှန်ရေးရဲဘော်များကို Chin Relief Funding Program ချင်းရန်ပုံငွေအဖွဲ့ - တူမီးထီ အစီအစဉ်မှ ဆေးဝါးကုသစရိတ် ဖြည့်ပေးရန် ပြင်ဆင်နေသည်ဟု သိရသည်။

“ကျနော်တို့က တူမီးထီရောင်းပြီးမှ ရရှိတဲ့ဘဏ္ဍာငွေထဲကနေ CJDC ကဘယ်လောက်၊ IDPs ကဘယ်လောက်၊ CDM ကဘယ်လောက်၊ ဒဏ်ရာရရဲဘော်တွေက ဘယ်လောက်ဆိုပြီး ခွဲဝေထားတယ်၊ ဒဏ်ရာရရဲဘော်လို့ပြောတဲ့နေရာမှာ ဒဏ်ရာရရဲဘော်တွေက များတဲ့အခါကျတော့ ပထမသုတ်အနေနဲ့ မျက်လုံးနှစ်ဖက်ဆုံးရှုံးသွားတဲ့ ရဲဘော်တွေရဲ့ ဆေးကုသစရိတ်၊အခြေခံလိုအပ်ချက်လေးတွေတွက် ကူညီသွားဖို့ရှိတယ်" ဟု ချင်းရန်ပုံငွေအဖွဲ့က တာဝန်ရှိသူက ပြောသည်။

ယခုလက်ရှိတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ထဲမှ မျက်လုံးနှစ်ဖက်ဆုံးရှုံးသူ ၇ ဦးထိရှိပြီး CDF – Matupi တပ်ဖွဲ့က နှစ်ဉီး၊CNDF တပ်ဖွဲ့က နှစ်ဉီး၊ CDF – Lautu တပ်ဖွဲ့က တစ်ဉီး၊ CDF – KKG တပ်ဖွဲ့က တစ်ဉီးနှင့် ချင်းအမျိုးသားတပ်မတော်CNA က တစ်ဦးတို့ဖြစ်ကြောင်း ချင်းရန်ပုံငွေအဖွဲ့က ပြောသည်။

တော်လှန်ရေးကာလအတွင်း မျက်လုံးနှစ်ဖက်စလုံး ဆုံးရှုံးလိုက်ရသော ချင်းသူရဲကောင်း တော်လှန်ရေးရဲဘော်များ၏စာရင်းကို ဆက်လက်ပြုစုနေပြီး စာရင်းမကျန်ခဲ့ရန် ချင်းရန်ပုံငွေအဖွဲ့ထံသို့ စာရင်းပေးသွင်းကြရန် အသိပေး ဖိတ်ခေါ်လျှက်ရှိသည်။

ချင်းရန်ပုံငွေအဖွဲ့ CRFP အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို တဖက်တလမ်းမှ ဘဏ္ဍာရေးကူညီထောက်ပံ့ပေးရန်ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး ယခုလက်ရှိမှာလည်း တူမီးထီအစီစဉ်ဖြင့် ရန်ပုံငွေရှာဖွေပေးလျှက်ရှိသည်။

ယခုဆိုလျှင် တူမီးထီအစီစဉ်သည် အပတ်စဉ် (၃) အထိရောက်ရှိလာပြီး အပတ်စဉ် ၃ တူမီးထီရောင်းရငွေထဲမှတော်လှန်ရေးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၅၃၀ ရရှိထားပြီး မကြာမီအချိန်အတွင်း တော်လှန်ရေးအင်အားစုတွေထံ ငွေကြေးလှူဒါန်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ချင်းရန်ပုံငွေအဖွဲ့က ဆိုပါသည်။

Most read this week

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...