မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ငွေတောင်းခြင်းနှင့် ရိုက်နှက်ခြင်းများပြုလုပ်

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံများကို ငွေတောင်းခြင်းနှင့် ရိုက်နှက်ခြင်းများပြုလုပ်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့က ဩဂုတ် ၁၀ ရက် ညပိုင်းတွင် ဝင်ရောက်ပြီး ငွေကြေးတောင်းခံကာ ဒေသခံရှစ်ဦးထက်မနည်းကို ရိုက်နှက်သွားကြောင်းသိရသည်။

မတ္တရာမြို့နယ်အတွင်းသို့ စစ်ကောင်စီ၏လက်နက်ကိုင်အဖွဲ့ဝင် ၁၀၀ နီးပါးက သစ်တင်ကားများဖြင့် ဩဂုတ်လ ၁၀ရက် ည၇နာရီအချိန်ခန့်က ရောက်ရှိလာခြင်းဖြစ်ပြီး မတ္တရာမြို့ အနီးဝန်းကျင်ရှိ ကျေးရွာအချို့ကို ဝင်ရောက်စစ်ဆေး ငွေကြေးတောင်းခံကြခြင်း ဖြစ်သည်။

"မီးမရှို့ဘူးလို့ မပြောနိုင်ဘူး။ရှို့သွားရင် အကုန်ပြောင်မှာဗျာ။အဲဒီတော့ မသဒ္ဓါလည်း ပေးရတာပေါ့ဗျ"ဟု ငွေကျပ် ၅၀,၀၀၀ ပေးလိုက်ရသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ကျေးရွာအတွင်းရှိ အိမ်တိုင်းကို ငွေကြေးတောင်းခံခြင်းမဟုတ်ဘဲ အဆင်ပြေသည့် နေအိမ်များကို တောင်းခံကြခြင်းဖြစ်ကာ တစ်အိမ်လျှင် ကျပ်၅၀,၀၀၀ မှ ၈၀၀,၀၀၀ အထိ ပေးရသူများလည်းရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"အရိုက်ခံရတာတွေရှိတယ်။ရွာထဲက လူငယ်လေးတွေ။ကလေးတွေက သူတို့မြင်တော့ ပြေးတာ လိုက်ဖမ်းပြီး ရိုက်တယ်။ညဆိုတော့ ဓါတ်ပုံတွေဘာတွေလည်း မရိုက်ရဲကြဘူး။ဖုန်းပါတာမြင်တာနဲ့သိမ်းတာပဲ"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက မတ္တရာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်အတွင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်ခတ်ခံရမှုနှင့် ဆက်စပ်ပြီး ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

ငွေကြေးအတောင်းခံရသူများနှင့် ရိုက်နှက်ခံရသူများ၏ မိသာစုဝင်များက စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့ ထပ်မံလာရောက်ပြီး ပြဿနာရှာမည်စိုး၍ ရှာဖွေစစ်ဆေးခံရသည့် ကျေးရွာအမည်များ ထည့်သွင်းမရေးသားရန် မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များသည် မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၁၁ရက် နံနက်ပိုင်းအထိ မြင်တွေ့နေရပြီး ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့မည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ရေးသူ − နွေဦးအောင်

စာတည်း − ဖူးသိမ်ကျ

စာမူတည်းဖြတ်−  အောင်ကျော်ဖြိုး

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...