သတ္တိရှိပါက မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီတပ်ကို CDF-Hakha တပ်ဖွဲ့က စိန်ခေါ်

သတ္တိရှိပါက မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီတပ်ကို CDF-Hakha တပ်ဖွဲ့က စိန်ခေါ်

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်များအား တိုက်ရိုက်ထိခိုက်မှုမရှိနိုင်မည့် မြို့ပြင်သို့ ထွက်ခွါလာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က စိန်ခေါ်လိုက်သည်။

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ပစ္စည်းအမြောက်အများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၃၀ ကျော်လည်း ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု CDF-Hakha က ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ရန် CDF-Hakha က  သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

 ထို့နေ့တွင်လည်း ဟားခါးမြို့နယ် နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Pi Chia Hnem အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာစစ်ဥပဒေ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုများနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဟု CDF-Hakha က သတိပေးထားသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းထန်သောစစ်ဆင်ရေးများ ပိုမိုလုပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDM နှင့် ဒလန်များကိုလည်း CDF-Hakha ၏ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီပြင်းပြင်းထန်ထန် အရေးသွားမည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...