ဆိုင်ကယ် ကယ်ရီသမားအသွင်ယူ ရဲတပ်ကြပ် သာကေတ၌ ပစ်ခတ်ခံရ၍ သေဆုံး

ဆိုင်ကယ် ကယ်ရီသမားအသွင်ယူ ရဲတပ်ကြပ် သာကေတ၌ ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁၀ )တောင်ရပ်ကွက်၊ အဝိုင်းကြီးအနီးရှိ ဆုထူးပန်ဘုန်းကြီးကျောင်းရှေ့၌  သြဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ဆိုင်ကယ် ကယ်ရီသမားအယောင်ဆောင်ထားသော ရဲတပ်ကြပ် တစ်ဦးအား မြို့ပြပြောက်ကျားအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

“အသံကြားတာ သုံး၊ လေးချက်ရှိတယ်၊ ဖြစ်လည်းဖြစ်ပြီးရော စစ်ကောင်စီတပ်တွေရောက်လာပြီးတော့ ဓမ္မာရုံမှတ်တိုင်မှာ လမ်းလျှောက်၊ စက်ဘီးသမား၊ ဆိုင်ကယ် အကုန်စစ်နေတယ်၊ လူငယ်တွေကို ပိုစစ်တယ်၊ ပစ်ခံရတဲ့သူက သွေးတွေတော်တော်ထွက်နေတယ်၊ သေမသေတော့မသိဘူး။” ဟူ၍ ဒေသခံတစ်ဦးကလည်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောသည်။

စစ်ကောင်စီတပ်မှ စစ်ဆေးရာတွင် ဖမ်းဆီးခံရသူ မရှိသော်လည်း ဘတ္ထရီစက်ဘီးအမျိုးအစားများကိုတော့ ဖမ်းဆီးသိမ်းဆည်းသွားခြင်းရှိကြောင်း မျက်မြင်တွေ့ရှိသူက ပြောသည်။

ပစ်ခတ်ခံရသူမှာ သာကေတ နယ်မြေရဲစခန်းမှ ဆိုင်ကယ် ကယ်ရီအသွင်ယူ၍ သတင်းထောက်လှမ်းစုံစမ်းနေသော ရဲတပ်ကြပ် အရှည်ကြီးဆိုသူဖြစ်ပြီး တိုက်ခိုက်မှုအား ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ၎င်းအား “ငရဲပြည်တွင် သွားရောက်၍ဆိုင်ကယ် ကယ်ရီ(Taxi) စွဲနိုင်ရန် ကူညီပေးခဲ့ပါသည်” ဟု ထုတ်ပြန်ထားသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...