စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးရန်အတွက် အထက်အတန်းပြဆရာ ဆရာမများ ခေါ်ယူ

စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးရန်အတွက် အထက်အတန်းပြဆရာ ဆရာမများ ခေါ်ယူ

ရှမ်းပြည်နယ်တောင်ပိုင်းတစ်နေရာ လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးနိုင်ရန်အတွက် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ ဆရာ၊ ဆရာမများအား ခေါ်ယူလျက်ရှိကြောင်း သိရသည်။

လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများဖွင့်လှစ်ထားနိုင်ပြီး ကလေးများအား ပညာသင်ကြားပေးနေပြီဖြစ်ရာ ထိုစာသင်ကျောင်းများတွင် အထက်တန်းပြ သင်ကြားပေးနိုင်သောဆရာ၊ ဆရာမများ လိုအပ်လျက်ရှိနေကြောင်း တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂမှ သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန်သည်။

''အထက်အတန်းပြအတွက်က ဆရာ၊ ဆရာမအင်အား၂၀ ၊ ၃၀ လိုအပ်ပါတယ်၊ သင်ကြားရေးကိုစိတ်ဝင်စားပြီး ကလေးတွေကို ပညာသင်ကြားပေးနိုင်တဲ့ဘယ်သူမဆို၊ စစ်ဘေးရှောင် ကလေးတွေအပေါ် အမှန်တကယ်စေတနာထားပြီး ပညာသင်ကြားပေးနိုင်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီး ပညာသင်ကြားပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။'' ဟုတောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ တာဝန်ခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်ကလေးများအား လာရောက်ပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ စားဝတ်နေရေး လုံခြုံရေးများကို အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ပြီး စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားပေးရန်အတွက် စိတ်ဝင်စားသူများအနေဖြင့် တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ (Taunggyi Education Degree College Students' Union) ၏ Page messenger တွင် ဆက်သွယ်နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ဘေးရှောင်ကလေးများအား ပညာသင်ကြားရာတွင် မရှိမဖြစ်လိုအပ်သော ပညာရေးအသုံးအဆောင်ပစ္စည်းများမှာလည်း များစွာလိုအပ်လျက်ရှိကြောင်း၊ အဓိကအားဖြင့် ကျောင်းဆောင်များဆောက်လုပ်ရန်အတွက်မိုးကာများနှင့် စာသင်ရန်အတွက် ကျောက်သင်ပုန်းများ၊ စာအုပ်၊ခဲတံများ များစွာလိုအပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်တတ်နိုင်သည့်ဘက်မှ စစ်ဘေးရှောင်ကလေးများ၏ ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းကူညီလှူဒါန်ပေးကြရန်လည်း တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ တောင်းဆိုထားသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...