ဖားကန်​့မီးလောင်မှု (၂)နာရီကြာငြှိမ်​းသတ်ခဲ့ရ

ဖားကန်​့မီးလောင်မှု (၂)နာရီကြာငြှိမ်​းသတ်ခဲ့ရ
by -
မဇ္ဈိမ
ကချင်ပြည်နယ်၊ ဖားကန်​့မြို့နယ်​အတွင်​း ယ​နေ့သြဂုတ်​(၁၆)မနက်​ပိုင်​းက မီး​လောင်​မှုဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ်​ ၂၁ စီးဖြင့် (၂)နာရီကြာ ငြှိမ်​းသတ်ခဲ့ရ​ကြောင်​း မြန်​မာနိုင်​ငံမီးသတ်​တပ်​ဖွဲ့၏ ထုတ်​ပြန်​ချက်​မှ သိရသည်​။

မီး​လောင်​မှုမှာ မိုးညှင်​းခရိုင်​၊ဖားကန်​့မြို့နယ်​၊​ဆိုင်​း​တောင်​​ကျေးရွာ၊(၂)ရပ်​ကွက်​တွင်​ ယ​နေ့သြဂုတ်​လ ၁၆ ရက်​၊မနက်​(၅)နာရီခွဲ၌​စတင်​ဖြစ်​ပွားခဲ့ပြီး (၇)နာရီခွဲအချိန်​၌ မီးငြိမ်​းသတ်နိုင်​ခဲ့ပြီး အချိန် ၂ နာရီကျော် ကြာမြင့်ခဲ့သည်​။

ဖားကန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ဆိပ်မူအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ လုံးခင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၁) စီး၊ မမုံအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မှော်ဆီဇာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ နမ့်မဖြစ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကုမ္ပဏီများမှ ရေသယ်ယာဉ်(၈)စီး စုစု​ပေါင်​း ယာဉ်​အစီး​ရေ(၂၁)စီးဖြင်​့ သွား​ရောက်​ငြှိမ်​းသတ်​ခဲ့ရသည်​။

အဆိုပါမီး​လောင်​မှုတွင်​ အုတ်ညှပ်​အိမ်​များ၊ ပျဉ်​ကာအိမ်​များ၊ စုစုပေါင်း(၁၁)လုံး မီးလောင်ဆုံးရှံုးခဲ့ရသည်​။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...